အမေရိကန်နိုင်ငံအခြေစိုက် Forbes မဂ္ဂဇင်းကထုတ်ပြန်တဲ့ ဝင်ငွေအကောင်းဆုံးကစားသမားများစာရင်းမှာတော့ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီကအများဆုံးနဲ့ထိပ်ဆုံးမှာရပ်တည်နေတာပါ။သူနောက်မှာတော့မနှစ်ကအများဆုံးဖြစ်ခဲ့တဲ့ရော်နယ်ဒိုကရပ်တည်နေပြီး၊တတိယနေရာမှာတော့ပီအက်ဂျီတိုက်စစ်မှူးနေမာကရပ်တည်နေတာဖြစ်ပါတယ်။

မက်ဆီကတော့ထိပ်ဆုံးမှာပထမဆုံးအကြိမ်အဖြစ်ရပ်တည်နေတာဖြစ်ပြီးပြီးခဲ့တဲ့ရာသီကဝင်ငွေအမေရိကန်ဒေါ်လာ၁၂၇သန်းရရှိခဲ့တာဖြစ်ပါတယ်။ဒုတိယနေရာမှာရပ်တည်နေတဲ့ရော်နယ်ဒိုကတော့ရီးရဲအသင်းကနေဂျူဗင်တပ်အသင်းကိုပြောင်းရွေ့သွားတာကြောင့်ဝင်ငွေကျဆင်းပြီး၁၀၉သန်းသာရရှိခဲ့တာဖြစ်ပါတယ်။

တတိယနေရာကနေမာကတော့ပြီးခဲ့တဲ့ဘောလုံးရာသီကဝင်ငွေ၁၀၅သန်းသာရရှိခဲ့တာဖြစ်ပါတယ်။စတုတ္တနေရာမှာတော့လက်ဝှေ့အားကစားသမားတွေနဲ့တင်းနစ်ကစားသမားတွေအသီးသီးရပ်တည်နေတာဖြစ်ပါတယ်။ပရိသတ်တွေလည်းဝင်ငွေအကောင်းဆုံးကစားသမားတွေအကြောင်းကိုလည်းအပြည့်အစုံတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:FORBES Magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။