ခုဖော်ပြသွားတဲ့ မိသားစုတစ်စုရဲ့ အချက်အလက်တွေက မပြည့်စုံပါဘူး။ သူတို့ရဲ့အကြောင်းတွေကို အိမ်နီးနားချင်တွေက ပြန်လည်ပြောပြက အမေဖြစ်သူကလဲ သူတို့ကိုပြန်ပြောခဲ့ရတာမို့ သိရှိခဲ့ရတာဖြစ်ကြောင်းကို ပြောပြခဲ့ပါတယ်။ တော်တော်ကိုကံဆိုးတဲ့ မိသားစုတစ်စုပဲဖြစ်ကာ သူတို့အနေနဲ့ အချိန်တွေကို တော်တော်ကြာကြာ ခတ်ခဲစွာဖြတ်သန်းခဲ့ရပါတယ်။ သူတို့လဲနောက်ဆုံးမှာ အကြောင်းမရှိပျောက်ဆုံးခဲ့ရပါတယ်။ 

အမေဖြစ်သူက တစ်ရက် သူမထိုင်နေတဲ့ချိန် သူမရဲ့သမီးလေးဆိကနေ ကုတ်ခြစ်ရာတွေကြာလို့ ကြည့်လိုက်ရာ Marker Board မှာ " ငါမင်းရဲ့ အကြောက်တရားကိုအနံ့ရတယ် " ဆိုပြီးရေးထားပါတယ်။ နောက်တစ်ရက်မှာတော့အမေဟာ သူသမီးလေးကို အိမ်ထဲထည့်ပြီး တံခါးပိတ်လိုက်စဉ် သမီးလေးက သူ့နောက်ကိုကြည့်ပြီရယ်နေပါတယ်။ ဘာလို့ရယ်တာလဲဆိုတော့ လူတစ်ယောက်ဆိုပြီး သူ့သမီးကဖြေပြီး သူအမေက ဘယ်သူလဲမေးတော့ လည်ပင်းက ကြိုးကွင်းနဲ့သူလေဆိုပြီ ပြန်ဖြေပြီးနောက် အမေက ထိတ်လန့်ပြီး အိမ်နောက်ကြောင်းကိုစုံစမ်းခဲ့ရာ နောက်ဆုံးမှာ ပြောင်းခဲ့ရပါတယ်။  

သူတို့အိမ်ပြောင်းခဲ့ပြီးနောက် အဆင်ပြေပြီလို့ထင်ခဲ့ပေမဲ့ တစ်ရက်မှာ သမီးဖြစ်သူက အမေ့ကိုပြောပြခဲ့ပါတယ်။ သူမ TV ကြည်တဲ့ချိန်နဲ့ အိပ်တဲ့အချိန်တိုင်းမှာ မိန်းမတစ်ယောက်က သူမကိုကြည့်နေပြီး သမီးဖြစ်သူ အမေ့ကိုဆက်ပြောလိုက်တဲ့စကားကတော့ " သူမက သမီးရဲ့နှလုံးကို စားချင်နေသလိုပဲ " ဆိုပြီးပြောခဲ့ပါတယ်။ အမေကလဲ ချော့မော့ပြီးတော့ အိမ်ပြင်ထွက်က ၄နှစ်သားလေး မြေတူးမြုတ်နေတာကိုတွေ့တော့ ဘာမြုတ်နေတာလဲမေးတော့ ထူးဆန်းတဲ့အကြည့်နဲ့ကြည့်ပြီး "သားရဲ့ ဝိဉာဉ် " ဆိုပြီးပြောပြခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တစ်မိသားစုလုံး အဖြေရှာမရ ပျောက်ဆုံးသွားခဲ့ပါတယ်။

Source : List 25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။