ချယ်လ်ဆီးအသင်းမှာခြေစွမ်းပြဂိုးတွေသွင်းယူပြီးအောင်မြင်မှုတွေယူပေးခဲ့တာတိုက်စစ်မှူးဟာဇက်ကတော့စပိန်ထိပ်သီးရီးရဲမက်ဒရစ်အသင်းကိုပြောင်းရွေ့သွားပြီဖြစ်ပါတယ်။ရီးရဲမက်ဒရစ်အသင်းပရိသတ်တွေနဲ့မိတ်ဆက်ပွဲကိုတော့ဘာနေဗျူးကွင်းမှာပြုလုပ်ခဲ့ပြီးပရိသတ်ကွင်းလုံးပြည့်နဲ့ခမ်းနားစွာကြိုဆိုခဲ့ကြတာပါ။

ဟာဇက်ဟာကမ္ဘာ့အကာင်းဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်တာကြောင့်ရီးရဲအသင်းဟာဟာဇက်ကိုပြောင်းရွေ့ကြေးစံချိန်တင်ပေးပြီးခေါ်ယူခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုထွက်သွားပြီးနောက်ပိုင်းအသင်းရဲ့ရလဒ်တွေဆိုးရွားနေတာကြောင့်ရီးရဲအသင်းဟာဒီနှစ်အပြောင်းအရွေ့မှာကစားသမားကောင်းတွေကိုခေါ်ယူနေရတာဖြစ်ပါတယ်။

ဟာဇက်ရောက်လာတာကတော့အသင်းအတွက်အကောင်းဆုံးခေါ်ယူမှုတစ်ခုပဲဖြစ်ခဲ့ပါတယ်။ဟာဇက်ကလည်းရီးရဲအသင်းကိုပြောင်းရွေ့ချင်နေတာဖြစ်ပြီးခုမှာတော့အိမ်မက်တွေတစ်ကယ်ဖြစ်လာခဲ့ပါပြီ။ကွင်းလုံးပြည့်နီးပါးပရိသတ်တွေနဲ့ကြိုဆိုခဲ့ကြတဲ့ဟာဇက်ရဲ့ video လေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Real Madrid C.F. 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။