လာမယ့်ရာသီအတွက်ကစားသမားသစ်တွေနဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့မန်ချက်စတာယူနိုက်တက်အသင်းကတော့အက်သလက်တီကိုအသင်းတိုက်စစ်မှူးဂရစ်ဇ်မန်းကိုစံချိန်တင်ပြောင်းရွေ့ကြေးနဲ့ကမ်းလှမ်းခဲ့ပါတယ်။မန်ယူအသင်းဟာအသင်းကထွက်ခွာတော့မယ့်တိုက်စစ်မှူးလူကာကူရဲ့နေရာမှာအစားထိုးရန်အတွက်ဂရစ်ဇ်မန်းကိုခေါ်ယူချင်နေတာဖြစ်ပါတယ်။

မန်ယူအသင်းဟာဂရစ်ဇ်မန်းကိုစံချိန်တင်ပြောင်းရွေ့ကြေး ၉၅သန်းနဲ့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ဂရစ်ဇ်မန်းကတော့အစောပိုင်ကဘာစီလိုနာအသင်းကိုပြောင်းရွေ့ဖို့သဘောတူညီမှုရခဲ့ပေမယ့်လည်းခုမှာတော့အပြောင်းအရွေ့ကပျက်ပြယ်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဂရစ်ဇ်မန်းနဲ့ဘာစီလိုနာအသင်းတို့နဲ့ဆက်ဆံရေးကတော့တင်းမာသွားခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့်မန်ယူအသင်းကဘာစီလိုနာအသင်းထံကကြားဖျက်ခေါ်ယူလိုချင်နေတာလည်းဖြစ်ပါတယ်။ဂရစ်ဇ်မန်းကလည်းအင်္ဂလန်မြေမှာကစားချင်နေတယ်ဆိုပြီးပြောကြားဘူးတာကြောင့်အပြောင်းအရွေ့ကတော့ဖြစ်လာနိုင်ဖွယ်ရှိနေတာပါ။တီကိုအသင်းကလည်းမန်ယူအသင်းရဲ့စံချိန်တင်ပြောင်းရွေ့ကြေးကိုလက်ခံမလားဆိုတာကတော့စိတ်ဝင်စရာကောင်းနေပြီဖြစ်ပါတယ်။

SOURCE:The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။