၁။ အင်္ဂါဂြိုဟ်ဟာ ကျွန်တော်တို့ ကမ္ဘာမြေကြီးနဲ့ မြေမျက်နှာပြင် ဖွဲ့စည်းမှုဟာအတော်လေးကိုတူညီမှုရှိတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မားစ်ဂြိုဟ်ရဲ့ ဆွဲငင်အားဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားထက်နည်းတာကြောင့် ကမ္ဘာမြေမှာခုန်တာထက် သုံးဆပိုပီးတော့ အင်္ဂါဂြိုဟ်ပေါ်မှာ ခုန်နိုင်မှာပဲ ဖြစ်ပါတယ်။

၂။ မားစ်ဂြိုဟ်လို့ အမည်ပေးဖြစ်ခဲ့ပုံကတော့ ရောမခေတ်တုန်းက အလွန်အင်မတန်မှနာမည်ကြီးခဲ့တဲ့ စစ်နတ်ဘုရားတစ်ပါးရဲ့ နာမည်ကို အစွဲပြုပြီး ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘာဖြစ်ခေါ်ခဲ့လဲဆိုရင် အင်္ဂါဂြိုဟ်ရဲ့ မျက်နှာရောင်ဟာ အနီရောင်ဖြစ်ပြီး အဆိုပါ စစ်နတ်ဘုရားရဲ့ ရဲရင့်တဲ့သွေးကို ခိုင်းနှိုင်းပီး မှည့်ခေါ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

၃။ ဒီလိုမျိုး အိမ်နီးချင်းကောင်းဖြစ်တဲ့ မားစ်ဂြိုဟ်ကို လေ့လာဖို့ ကမ္ဘာမြေမှ စူးစမ်းလေ့လာရေးယာဉ်တွေဟာ အကြိမ်ပေါင်း ၃၉ကြိမ်လောက် သွားရောက်ခဲ့ပြီးပီပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အကြိမ်ပေါင်း ၃၉ကြိမ်ထဲမှာမှ ၁၆ကြိမ်လောက်သာ အင်္ဂါဂြိုဟ်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

၄။ သိပ္ပံပညာရှင်များရဲ့ အဆိုအရ တစ်ချိန်က မားစ်ဂြိုဟ်ပေါ်မှာ အသိဉာဏ်ကြွယ်ဝတဲ့ သက်ရှိတွေ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီအထောက်အထားတွေကတော့ အင်္ဂါဂြိုဟ်ရဲ့ မြေမျက်နှာပြင်ပေါ်မှာရှိနေတဲ့ တွင်းကြောင်းကြီးတွေပဲ ဖြစ်ပါတယ်။ ဒီလိုတွင်းကြောင်းကြီးတွေကို ကြည့်ခြင်းအားဖြင့် မားစ်ဂြိုဟ်မှာ သက်ရှိတွေနေထိုင်ခဲ့တယ်လို့ ယုံကြည်ခဲ့တာပဲ ဖြစ်ပါတယ်။

၅။ လေ့လာဆန်းစစ်ချက်တွေအရ အင်္ဂါဂြိုဟ်ဟာ ကျွန်တော်တို့လူသားတွေ နေထိုင်မယ့် အသင့်တော်ဆုံး အိမ်နောက်တစ်ခု ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာလည်း အင်္ဂါဂြိုဟ်ပေါ်ကို သွားပြီး ပိုအသေးစိတ်ကျတဲ့ လေ့လာမှုတွေ ပြုလပ်ကြအုန်းမှာမို့လို့ နောင်တစ်ချိန်မှာ အင်္ဂါဂြိုဟ်ကြီးဟာ ကမ္ဘာမြေကြီးရဲ့ နောက်ထပ်ကိုလိုနီနယ်မြေအသစ်တစ်ခု ဖြစ်နိုင်တယ်လို့တောင် ဆိုနိုင်ပါတယ် ပရိသတ်ကြီးရေ....

Source : Brain Berries

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။