မဂ္ဂနီစီယမ် (Magnesium)ဆိုတာ သတ္တုဒြပ်စင် တမျိုးဖြစ်ပြီး အတိုကောက်သင်္ကေတ အဖြစ် (Mg) ဟု သတ်မှတ်ထားပါတယ်။ သူ့ရဲ့ အက်တမ် အလေးချိန်သည် (၂၄.၃၁၂) ဖြစ်ပြီး အရောင်ကတော့ ငွေရောင်သန်းနေသော အဖြူရောင်ဖြစ်ကာ အလွန်ပေါ့ပါး လှပါတယ်။ မဂ္ဂနီစီယမ် ကို စက်ရုံများတွင် အလွန်ပေါ့ပါးစွာ တည်ဆောက်ထားသော သတ္တုအဖြစ် ရှေးယခင်ထဲက သိရှိထားကြပြီး အကြောင်းရင်းကတော့ နိမ့်ပါးသော အလေးချိန် နှင့် ခံနိုင်ရည် ရှိသောသတ္တုစပ် ပုံစံ ဖြင့်ဖွဲ့စည်းထားသော ကြောင့်ဖြစ်ပါတယ်။

မဂ္ဂနီစီယမ်ဟာ လွယ်ကူစွာ ဓာတ်ပြုနိုင်ပြီး၊ သူ့ကို ဟိုက်ဒရိုဂျင်ရှိသော ဆူပွက်နေသော ရေထဲတွင်ထားရှိသောအခါ ဆားနှင့် အောက်ဆီဂျင်ဓာတ်ပေါင်းကို လျော့နည်းသွားစေခြင်းဖြင့် အကောင်းဆုံး သတ္တုကို ထုတ်လုပ်ပေးနိင်ပါတယ်။ non-metals များ၊ အက်စစ်များ နှင့် လည်း အတူတကွ ပေါင်းနိုင်ပြီး မဂ္ဂနီစီယမ် ကို ဓာတ်ကူ ပစ္စည်း အဖြစ် ဇီဝဓာတု ဓာတ်ပြုခြင်းများဖြစ်သော လျော့ချခြင်း၊ ပေါင်းစပ်ခြင်း၊ ဟိုက်ဒရိုဂျင်ဖယ်ရှားခြင်းတို့တွင်လည်း အသုံးပြုနိုင်ပါသေးတယ်။

မဂ္ဂနီစီယမ် ဓာတ်ပေါင်းကို (သတ္တု ၊ဖန်) မီးပြင်းဖိုတွင် ပေါင်းစပ်ရန်ခက်ခဲသော သံ၊ စတီး၊ သံဓာတ်ပါသော သတ္တု၊ ဖန် နှင့် ဘိလပ်မြေတို့တွင် အသုံးပြုပါတယ်။ အထူးသဖြင့် aeroplane နှင့် missile တည်ဆောက်ရေးတွင် အလူမီနီယမ်၏ အလေးချိန်လျော့ချတဲ့အခ အရေးကြီးဆုံး ဖြစ်သောကြောင့် အသုံးပြုတတ်ကြပါတယ်။ မဂ္ဂနီစီယမ် ပါဝင်သော အရာများကို စက်ရုံများ ၊စိုက်ပျိုးမွေးမြူရေး များတွင် ကျယ်ပြန့်စွာအသုံးပြုပြီး အချို့နေရာများတွင်လည်း အသုံးပြုနိင်ပါတယ်။ ဥပမာ- သံ နှင့် စတီးများတွင် ကန့်(sulphur) ကိုဖယ်ထုတ်ခြင်း ၊ ယူရေနီယမ် သန့်စင်ရာတွင်အသုံးပြုခြင်း၊ ဓာတ်ပုံ တံဆိပ်တုံး ထုသော အပြားထုတ်လုပ်ခြင်း ၊ မီးရှူးမီးပန်း ဗြောက်အိုးစသည့်လုပ်ငန်းများ၊ အချက်ပြမီးထုတ်လုပ်ခြင်း နှင့် ဓာတ်ပုံရိုက်ရာတွင် လျှက်တပြက် မီးလုံး ထုတ်လုပ်ခြင်းတို့တွင် အသုံးပြုနိုင်ပါသေးတယ်။

Source : Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။