အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ပိုလန်သမ္မတ အန်ဒရီဇ် ဒူဒါနဲ့ တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

သူတို့တွေ့ဆုံခဲ့တာကတော့ ဇွန်လ ၁၂ ရက်နေ့ကဖြစ်သလို အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။

၎င်းတွေ့ဆုံမှုမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျာမနီနိုင်ငံမှာရှိတဲ့ အမေရိကန်စစ်သား ၂၀၀၀ ထောင်ကို ပိုလန်ကိုပို့ဖို့ စဉ်းစားနေကြောင်း ပြောကြားခဲ့ပါတယ်။

ဂျာမနီနိုင်ငံထဲမှာဆိုရင်လည်း လက်ရှိနေရာခြထားတဲ့ အမေရိကန်စစ်သား ၅ သောင်းလောက်ရှိပြီး အဲ့ဒီထဲက ၂၀၀၀ ကိုပို့ပေးဖို့ ထရမ့်က စဉ်းစားနေတာပဲဖြစ်ပါတယ်။

အရင်တုန်းထဲကလည်း အမေရိကန်ဟာ ပိုလန်ကို စစ်သားတွေစေလွှတ်ပြီးသားဆိုပေမယ့် အခုအချိန်မှာ ထပ်မံစေလွှတ်ပေးဖို့ စဉ်းစားနေတာပဲဖြစ်ပါတယ်။

ဒါ့အပြင် ထရမ့်ဟာ သူ့အနေနဲ့လည်း ပိုလန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ စဉ်စားနေကြောင်းကိုလည်း ပြောကြားခဲ့ပါသေးတယ်။

Source- Washington Post

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။