ထိုင်းပရီးမီးယားလိဒ်မှာရလဒ်တွေဆိုးရွားနေတဲ့မြောင်တောင်ယူနိုက်တက်အသင်းဟာအသင်းရဲ့နည်းပြချုပ်နေရာမှာ ထိုင်းယူ၂၃နည်းပြဂါမာကိုခန့်အပ်လိုက်ပြီဖြစ်ပါတယ်။မြောင်တောင်အသင်းဟာထိုင်းပရီးမီးယားလိဒ်မှာအဆင့်၁၅နေရာမှာရပ်တည်နေတာကြောင့်တန်းမဆင်းရစေဖို့အချိန်မှီနည်းပြကောင်းတစ်ဦးကိုခန့်အပ်လိုက်တာဖြစ်ပါတယ်။

ဒီနည်းပြသစ်ခန့်အပ်လိုက်တဲ့အပေါ်မှာပရိသတ်တွေကလည်းစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင်အသင်းရဲ့တိုက်စစ်မှူးအောင်သူကတော့အသင်းနဲ့ပွဲထွက်ကစားခွင့်တွေဆုံးရှံးပြီးအရန်လူစာရင်းကတောင်ချန်လှပ်ခံထားရတာပါ။ခုနည်းပြသစ်လက်ထက်မှာတော့အောင်သူတစ်ယောက်နေရာပြန်ရနိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

အောင်သူကတော့ပြီးခဲ့တဲ့မြန်မာ့လက်ရွေးစင်အသင်းခြေစမ်းပွဲမှာခြေစွမ်းပြပြီးအသင်းဖော်တွေဂိုးသွင်းနိုင်အောင်ဖန်တီးပေးနိုင်တာကြောင့်ကလပ်အသင်းမှာပြန်ပါနိုင်မလားပရိသတ်တွေစိတ်ဝင်စားနေကြတာပါ။ခုနည်းပြကလည်းထိုင်းယူ၂၃အသင်းကိုကိုင်တွယ်ဘူးတာကြောင့်အောင်သူ့အကြောင်းကိုကောင်းကောင်းသိနေမှာဖြစ်ပါတယ်။မြောင်တောင်အသင်းဟာ၁၆ရက်နေ့မှာတော့ချောင်ဘူရီအသင်းနဲ့အဝေးကွင်းမှာကစားရမှာဖြစ်ပြီးအောင်သူပြန်ပါလာနိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

SOURCE:Muangthong United FC.

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။