ပြည်တွင်းမှ အလုပ်အလုပ်သမားအများစုကတော့ ပြည်ပနိုင်ငံတွေကို ထွက်ခွာအလုပ်လုပ်ကိုင်လျှက်များစွာရှိနေပြီး တစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလျှက်ရှိတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် ဒေသခံပြည်သူများအား Today Top Star ကုမ္ပဏီမှ သိသင့်သိထိုက်သည့် အချက်များအား ချပြဆွေးနွေးခြင်း အခမ်းအနားကို မနေ့က နံနက်(၁၀)နာရီ က စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ 

ရှေးဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်း က အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦး မှ အမှာစကားပြောကြားခဲ့ပြီး Today Top Star ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ထိုင်းနိုင်ငံသို့ သွားရောက်မည့် ဒေသခံပြည်သူများအား အလုပ်အကိုင်များနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်များ အား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ 

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်၊ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သွားရောက် အလုပ်လုပ်ကိုင်မည့် ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြောင်းသိရပါတယ်။ ပြည်ပထွက်အလုပ်လုပ်ကိုင်သူတွေအတွက် ပြင်ဆင်မှုသိသင့်တဲ့အချက်တွေအပြင် လိုအပ်ချက်တွေကို စုံလင်စွာရှင်းပြမှုတွေပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

SOURCE - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။