ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေကိုထုတ်ပြန်လိုက်ရာအာစီယံထိပ်သီးဗီယက်နမ်အသင်းကတော့အာရှအဆင့်၁၅အတွင်းပါဝင်လာခဲ့ပါတယ်။ဗီယက်နမ်အသင်းဟာခုနောက်ပိုင်းအာစီယံမှာအကောင်းဆုံးခြေစွမ်းတွေပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပြီးဆူဇူကီးပြိုင်ပွဲမှာလည်းဗိုလ်စွဲထားပြီးအာရှအဆင့်ပြိုင်ပွဲတွေမှာလည်းအသင်းကြီးတွေကိုအကောင်းဆုံးကစားနိုင်တဲ့အသင်းဖြစ်ပါတယ်။

အာရှအဆင့်မှာတော့၁၅နေရာမှာရပ်တည်နေပြီးကမ္ဘာ့အဆင့်မှာတော့၉၆နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။အာရှထိပ်ဆုံး၁၅သင်းမှာအာစီယံကဗီယက်နမ်အသင်းတစ်သင်းသာပါဝင်ခဲ့တာဖြစ်ပါတယ်။နာမည်ကြီးထိုင်းအသင်းတောင်ဗီယက်နမ်အသင်းရဲ့နောက်မှာကျန်နေခဲ့ပြီဖြစ်ပါတယ်။ဗီယက်နမ်အသင်းဟာနောက်ပိုင်နှစ်တွေမှာသိသိသာသာခြေစွမ်းတွေတိုးတက်လာတာဖြစ်ပြီးစိတ်ဓာတ်တွေကလည်းအမြင့်ဆုံးမှာရှိနေတာပါ။

လူငယ်စီမံကိန်းတွေနဲ့အသင်းတွေကိုနိုင်ငံတစ်ကာပွဲတွေအများဆုံးကစားခြင်းကလည်းအသင်းကိုအောင်မြင်စေတာပဲဖြစ်ပါတယ်။ဗီယက်နမ်လက်ရွေးစင်အသင်းကလည်းခြေစမ်းပွဲတွေကစားဖို့စီစဉ်နေတာဖြစ်ပြီးအာဖရိကထိပ်သီးနိုက်ဂျီးရီးယားအသင်းနဲ့ခြေစမ်းဖို့ရှိနေတာဖြစ်ပါတယ်။အာစီယံမှာခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားပြီးအာရှထိပ်သီးတွေနဲ့အပြိုင်ရပ်တည်နေတဲ့ဗီယက်နမ်အသင်းကိုဂုဏ်ပြုလိုက်ပါဦးနော်။

SOURCE:Asian Football Confederation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။