အကောင်းဆုံးခြေစွမ်းတွေကိုပိုင်ဆိုင်ထားတဲ့တိုက်စစ်မှူးဟာဇက်ကတော့ရီးရဲမက်ဒရစ်အသင်းကိုရောက်ရှိလိုလာခဲ့ပြီဖြစ်ပါတယ်။သူကတော့ပရိသတ်တွေနဲ့လည်းဘာနေဗျူးကွင်းကြီးထဲမှာတွေ့ဆုံခဲ့ပြီးပရိသတ်တွေကလည်းကွင်းလုံးပြည့်နီးပါးသူ့ကိုကြိုဆိုခဲ့ကြပါတယ်။ဟာဇက်ရီးရဲအသင်းကိုရောက်ရှိခဲ့ပေမယ့်လည်းခုမှာဟာဇက်အတွက်အခက်ခဲတစ်ခုကြုံနေရတာပါ။

ဟာဇက်ကချယ်လ်ဆီးမှာကစားနေစဉ်ကတော့ကျောနံပတ်၁၀ကိုဝတ်ဆင်ကစားခဲ့ပြီးခုရီးရဲအသင်းမှာဘယ်နံပတ်ကိုဝတ်ဆင်မလဲဆိုတာတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။ရီးရဲအသင်းရဲ့ကျောနံပတ်၁၀ကိုမိုဒရစ်ကဝတ်ဆင်ကစားနေတာဖြစ်ပြီးဒီကျောနံပတ်ကိုပေးမှာမဟုတ်ဘူးလို့လည်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်ရီးရဲအသင်းကိုရောက်ရောက်ခြင်းမှာပဲဟာဇက်တစ်ယောက်အတွက်တော့တိုက်ခိုက်မှုတွေကြုံနေရတာဖြစ်ပါတယ်။ဟာဇက်ဟာရီးရဲအသင်းကိုစံချိန်တင်ပြောင်းရွေ့ကြေးနဲ့ရောက်လာတာဖြစ်ပြီးသူရောက်လာတာကြောင့်ရီးရဲအသင်းရဲ့ကစားသမားအချို့ဟာနေရာတွေပျောက်ဆုံးဖွယ်ရှိနေတာဖြစ်ပါတယ်။

SOURCE:Goal.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။