လက်ရှိကမ္ဘာ့အဆင့်မီ လက်ဝှေ့တွေထဲက One Championship ပွဲကိုတော့ ပရိသတ်များစွာအားပေးနှစ်သတ်ကြမယ်ထင်ပါတယ်။ အဆိုပါ One Championship ပွဲကို မြန်မာ့ကိုယ်စားပြု ဖိုက်တာမလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ ကယန်းတိုင်းရင်းသူလေး အန်တိုနီယာကိုတော့ ပရိသတ်ကြီး ရင်းရင်းနှီးနှီးသိကြမယ်ထင်ပါတယ်။ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာမွေးဖွားပြီး ကယန်းလူမျိုးတစ်ဦးဖြစ်တဲ့ သူမဟာ မိသားစုဝင်တွေထဲမှာ အငယ်ဆုံးဖြစ်ပြီး ငယ်စဉ်ကတည်းက လုံးထွေးသတ်ပုတ်နေရတာ ဝါသနာပါသူဖြစ်ကြောင်း သိရပါတယ်။  

MMA ပြိုင်ပွဲပေါင်းများစွာကို ဝင်ရောက်ထိုးသတ်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပြီး ပရိသတ်အချစ်တော် အောင်လအန်ဆန်းရဲ့ တပည့်တစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ လက်ရှိ အန်တိုနီရာကတော့ MMA လောကရဲ့ လူသိများဖိုက်တာတစ်ဦးဖြစ်လာပြီး ပြည်ပဖိုက်တာများစွာနဲ့လည်း သွားရောက်ထိုးသတ်လေ့ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။  

လက်ရှိ အန်တိုနီရာကတော့ အင်ဒိုနီးရှားနိုင်ငံမှာ သွားရောက်လေ့ကျင့်လျှက်ရှိပြီးနောက်ယှဉ်ပြိုင်ထိုးသတ်ရမည့် ပြိုင်ပွဲအတွက် ပြင်ဆင်လျှက်ရှိကြောင်း သိရပါတယ်။ ပြည်တွင်းပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်ဖြစ်နေတဲ့ One Championship (MMA) ဖိုက်တာမလေး အန်တိုနီရာရဲ့ ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - MYint AUng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။