တကယ်ဖြစ်ရပ်လေးကတော့ တကယ့်ကိုရီကခက် ငိုရခက်စေတဲ့ဖြစ်ရပ်လေးတစ်ခုပါပဲ။

တချို့သူတွေကတော့ မိကျောင်းကြီးကိုတွေ့ပြီး ကြောက်နေကြပေမယ့် တချို့ကတော့ ဟာသတစ်ခုအနေနဲ့ သတ်မှတ်ပြီး ရယ်မောနေကြတာတွေ့ရပါတယ်။

ဖြစ်ပွားခဲ့တာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပြီး မက်ဆီကိုနိုင်ငံရဲ့ ကားသွားကားလာ အရမ်းရှုပ်တဲ့ လမ်းမပေါ်မှာ လမ်းဖြတ်ကူးသွားခဲ့တာပဲဖြစ်ပါတယ်။

ဗီဒီယိုထဲကပုံအရဆိုရင်လည်း မိကျောင်းလမ်းဖြတ်ကူးနေစဉ်အတွင်းမှာ ကားတွေက ခေတ္တရပ်ပေးထားခဲ့ပြီး တချို့သူတွေကတော့ ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်နေကြတာတွေ့ရပါတယ်။

ဒါ့အပြင် မိကျောင်းကြီးဟာဆိုရင်လည်း လမ်းမအလယ်လောက်အရောက်မှာ ဆက်မသွားတော့ဘဲ သူ့ကို ဗီဒီယိုဝိုင်းရိုက်နေသူတွေကို ညိမ်ပြီးအကဲခတ်ကြည့်နေတာတွေ့ရပါတယ်။

ပရိသတ်တွေကြည့်ရှုနိုင်စေဖို့အတွက် ဗီဒီယိုလေးကိုပါ တပါတည်းဖော်ပြပေးထားတာဆိုတော့ ကြည့်ပြီးသွားရင်တဲ့အခါ ပရိသတ်တွေသာ အဲ့နေရာမှာဆိုရင် ထွက်ပြေးမှာလား သူတို့လိုပဲ ဗီဒီယိုလိုက်ရိုက်နေမှာလား ပြောပြခဲ့ကြဦးနော်။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။