လူတိုင်းဟာ တစ်ချိန်မဟုတ်တစ်ချိန် တစ်ခါမဟုတ်တစ်ခါတော့ ပြဿနာတွေ တက်ခဲ့ဖူးကြမှာပါ...တက်ကြမှာပါ။ ပြဿနာဆိုတာ ဘာလဲလို့ သေချောပြောပြရရင် ကိုယ့်ဘဝရဲ့ အဆင်မပြေချိန် ကိုယ်နဲ့ပတ်သတ်ပြီး အဆင်မပြေတဲ့အရာ လို့ပြောရမှာပါ။အဲ့လိုမျိုးတွေတက်လာရင် မဖြေရှင်းတက်ကြတဲ့ သူတွေရှိတက်ပါတယ်။ အဲ့လိုမျိုး ပြဿနာတစ်ခုခုတက်လာရင် ဘယ်လိုဖြေရှင်းမလဲ။ တက်လာတဲ့ပြဿနာကို အရင်ဆုံးသေချာတွေးပါ ဘယ်ကိစ္စကနေစပြီး ပြဿနာတက်လာတာလဲ ဘာကြောင့်ပြဿနာတက်လာတာလဲ စသဖြင့် စဉ်းစားပါ။ ဥပမာ သင့်ရဲ့အခန်းက ရှုတ်ပွ ညစ်ပတ်နေမယ်လို့ခံစားရမယ်... ဒါပေမဲ့ သင်ကိုယ်တိုင်က ညစ်ပတ်သူမဟုတ်ပါဘူး။  

ပစ္စည်းတွေကို နေရာတကျမထားလို့တာဖြစ်နေရတာပါ။ ပြဿနာတစ်ခုဟာလဲ ကိုယ်ကြောင့်လား ဒါမှမဟုတ် တခြားအရာတွေကြောင့်လားဆိုတာလဲ သိဖို့လိုပါတယ်။ တက်လာတဲ့အခါမှာ စဉ်းစားပါ ဘယ်လိုဖြေရှင်းရင် ကောင်းမလဲဆိုတဲ့ အဖြေတွေကို တွေးပါ။ အဲ့ထဲကမှ အကောင်းဆုံးနဲ့ အသင့်လျော်ဆုံးဖြစ်မယ့်အဖြေကို ရွှေးပြီး ဆုံးဖြတ်ချက်ချ ပြုလုပ်ပါ။ ပြဿနာကိုလဲ ခွဲခြားစိတ်ဖြားတက်ဖို့လိုပါတယ်....ဒါက ဘာပြဿနာလဲ ဘာလဲ စသဖြင့်ပေါ့။ တခြားသူတွေဆိကလဲ အကြံဉာဏ်ယူပြီး အကူအညီတောင်းပါ...တစ်ယောက်တည်းဖြေရှင်းတာထက်စာရင် ရင်နှီးသူနဲ့ဖြေရှင်းတာ ပိုကောင်းပါတယ်...အပူကပ်စေတဲ့သဘောမဟုတ်ပါဘူး။ 

ပြဿနာတက်လာလို့ဆိုပြီး ဒေါသတွေထက် စိတ်တွေအရမ်းမခံစားမိပါစေနဲ့...အဲ့လိုခံစားချက်ကို ဖြေဖျောက်ပေးပါ။ ပြဿနာတက်လို့ဆိုပြီး ဒေါသထွက်ရင် ပိုပိုပြီး ဆိုးလာဖို့ပဲရှိပါတယ်... စိတ်ကို အတည်ငြိမ်ဆုံးထားပြီး အေးအေးထားပါ။ ပုံမှန်လေးပဲ စိတ်ကိုထားပြီး ပြဿနာကို အကောင်းဆုံးဖြေရှင်းပါ။ အပေါ်မှာပြောထားသလို ပြဿနာကို ခွဲခြားစိတ်ဖြားပြီး အကောင်းမွန်ဆုံးနဲ့ အသင့်တော်ဆုံးဖြစ်မဲ့ ဖြေရှင်းချက်တွေကို သုံးပါ။ တက်လာတဲ့ပြဿနာကို စိတ်အေးထားပြီး အကောင်းမွန်ဆုံးဖြေရှင်းတက်ကြပါစေ။  

Source : Wiki How

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။