သင့်ပိုက်ဆံက သင့်ရဲ့စီးပွားရေးပါ...တကယ်လိုသင်ဟာ သင့်ရဲ့ပိုက်ဆံကို ခရီးသွားတဲ့အခါမှာဖြစ်ဖြစ် အပြင်သွားတဲ့အခါမှာဖြစ်ဖြစ် သင့်ပိုက်ဆံကို ဖွက်ချင်လာတဲ့အခါ ခုနည်းလမ်းတွေက အထောက်အကူပြုမှာပါ။ ပိုက်ဆံကိုဖွက်တဲ့အခါ သင်ရဲ့ခန္ဓာကိုယ်မှာ ဖြစ်ဖြစ်ဖွက်ပါ။ သင့်ရဲ့ဖိနပ်အောက်မှာဖြစ်ဖြစ် သင်ရဲ့ အောက်ခံဘောင်းဘီးမှဖြစ်ဖြစ် ဖွက်ထားလိုက်ပါ။ ကိုယ်နဲ့မသိတဲ့နေရာတွေသွားမယ်ဆိုရင် ခုလိုနည်းတွေက အဆင်ပြေမှာပါ။ ကောင်မလေးနဲ့သွားရင်လဲ ခုနည်းလမ်းက အဆင်ပြေမှာပါ။ နောက်တစ်ခုကတော့ပိုက်ဆံအိတ် အတုဆောင်ထားပါ...ဘာမှဖွက်စရာတောင် မလိုဘူး...ခါးပိုက်နှိုက်လဲ မမှုတော့ပါဘူး။ 

ပိုက်ဆံကို လူမသိနိုင်တဲ့ နေရာမှာထားပါ...ပုံမှန်မဟုတ်တဲ့ နေရာမှာပေါ့။ ပိုက်ဆံကိုလဲ အဲ့ခါကျ ပိုက်ဆံအိတ်ထဲ မထည့်ပဲ ဒီတိုင်းက ထည့်ထားပါ။ လုယက်ခံရမဲ့ဘေးကနေ ရှောင်ချင်ရင်တော့ ပိုက်ဆံကို လိုသလောက်ပဲ ယူသွားပါ...လုံးဝစိတ်ချရပါတယ်။ အိမ်မှာ ပိုက်ဆံ ဖွက်မယ်ဆိုရင်လဲ စာအုပ်တွေကြားထဲမှာဖွက်ထားပါ....မတူညီတဲ့ စာအုပ်တွေမှာ ဖွက်ထားပါ။ မုန့်တွေထည့်တဲ့ ဘူးထဲမှာပဲဖြစ်ဖြစ် တခြားပစ္စည်းဘူးထဲမှာ ဖြစ်ဖြစ် ထည့်ပါ။ အကောင်းဆုံးကတော့ Bank ထဲမှာပဲ သိမ်းထားပါ။ 

ခုလိုတွေ ပိုက်ဆံဖွက်နည်းတွေအပြင် တခြားသော ပိုက်ဆံဖွက်နည်းတွေလဲ မြောက်များစွာရှိပါသေးတယ်။ ပရိသတ်ကြီး သိတဲ့နည်းလမ်းတွေရှိရင်လဲ ပြန်လည်မျှဝေခဲ့ပေါ့။ ပိုက်ဆံတွေကို ဖွက်ရတဲ့အကြောင်းကလဲ ပိုက်ဆံမစိုက်ချင်းလို့ မကူညီချင်လို့မဟုတ်ပါဘူး။ ကိုယ့်အနေနဲ့ ကိစ္စတစ်ခုခုကြောင်း ပိုက်ဆံကို ဖွက်ထားရခြင်းတာဖြစ်ပြီး လိုအပ်လာတဲ့အခါမှာ သုံးဖို့အတွက် အဆင့်သင့်ဖြစ်အောင် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ပိုက်ဆံကို ကောင်းမွန်စွာ ဖွက်တက်ကြပါစေ။ 

Source : Wiki How

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။