MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ပွဲစဉ်(၁၂)အဖြစ် ရှမ်းယူနိူက်တက်အသင်းနှင့်ချင်းလန်းအသင်းတို့ ယနေ့ညနေ(၃:၃၀)နာရီတွင် ရှမ်းယူနိုက်တက်အိမ်ကွင်းဖြစ်သည့် တောင်ကြီးမြို့ရှိပြည်နယ်အားကစားကွင်း၌ကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တက်ရောက်အားပေးကြည့်ရှုပြီး ပွဲအပြီးတွင် ပြိုင်ပွဲဝင်နှစ်သင်းစလုံးအား ဆုကြေးငွေများချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

ယနေ့ ဘောလုံးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ စစ်ထောက်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းယူနိူက်တက်အသင်းဥက္ကဌဦးခွန်နောင်မြင့်ဝေနှင့် နှစ်ဘက်အသင်းမှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်အမှုဆောငိအရာရှိချုပ်နှင့်တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဌနှင့်အမှုဆောင်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်လက်ရွေးစင်ဘောလုံးသမားဟောင်းများ၊ ရှမ်းယူနိုက်တက်ဘောလုံးပရိသတ်များကွင်းလုံးပြည့်တက်ရောက်အားပေးခဲ့ကြပါတယ်။

ပွဲအပြီးမှာ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပြီး နှစ်သင်းစလုံးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆုကြေးငွေကျပ်(၁၅)သိန်းစီအား ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

source: myanmar national league 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။