မော်ဒယ်၊ မင်းသမီးချောလေး ဧငြိမ်းဖြူကတော့ ဖြူဖွေးနုဖတ်တဲ့ အသားအရေနဲ့ ဘာဘီအရုပ်မလေးတစ်ရုပ်လို လှပလွန်းသူလေး ဖြစ်ပါတယ်။ Dancer တစ်ဦးလည်းဖြစ်တဲ့ ဧငြိမ်းဖြူက ပရိသတ်တွေရဲ့နှလုံးသားကို သူမရဲ့အမိုက်စား အကဗီဒီယိုလေးတွေနဲ့ ဖမ်းစားထားသူလေးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဧငြိမ်းဖြူက အဆိုတော်၊ သရုပ်ဆောင် ရဲရင့်အောင်ရဲ့ ချစ်သူအချောအလှလေးလည်း ဖြစ်ပါတယ်။

အခုရက်ပိုင်းမှာ ဧငြိမ်းဖြူက ကြော်ငြာလေးတွေ ရိုက်ကူးနေသလို Photo Shooting တွေလည်း အဆက်မပြတ် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား ပိုပိုပြီး လှသွေးကြွယ်လာတဲ့ ဧငြိမ်းက အခုလည်း အဖြူရောင်ပန်းလေးတစ်ပွင့်လို ပျိုမျစ်နုနယ်နေတာ တွေ့ရပါတယ်။ မြင်သူတကာ ငေးမောရလောက်အောင် လှနေလွန်းတဲ့ ဧငြိမ်းဖြူကိုတော့ ပရိသတ်တွေက နတ်သမီးလေးလို့တောင် တင်စားခေါ်ဝေါ်နေရတာ ဖြစ်ပါတယ်။

ဧငြိမ်းက ထိုင်းမလေးလို့ အထင်မှားရလောက်အောင် ချစ်စရာကောင်းနေတာကြောင့် ပရိသတ်တွေက ခဏခဏပြန်ကြည့်နေရတာပဲ ဖြစ်ပါတယ်။ ဧငြိမ်းဖြူက '' ရင်ခုန်အောင် ပြုံးမပြနဲ့ အချစ်ဆုံးရယ်'' ဆိုပြီး သူမရဲ့အလှပုံအသစ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဧငြိမ်းဖြူရဲ့ ကြွေချင်စရာကောင်းတဲ့ အလှပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: A Nyein Phyu;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။