ပရိသတ်ကြီးရေ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းဆိုတာဟာ ကျောင်းသားနဲ့မိဘများကြားမှာ အတော်လေးဂယက်ထခဲ့တဲ့ ကိစ္စကြီးတစ်ခုဖြစ်ပါတယ်။တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို ထူးထူးချွန်ချွန်အောင်မြင်ဖို့ဆိုတာ ကျောင်းသား၊ကျောင်းသူတိုင်းရဲ့တူညီတဲ့ရည်မှန်းချက်တစ်ခုပဲဖြစ်ပါတယ်။၂၀၁၈-၂၀၁၉ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ကျောင်းသား၊ကျောင်းသူများစွာကိုလဲ တွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။

၂၀၁၉ပညာသင်နှစ်မှာ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် တောက်တဲ့ရိုးကျေးရွာလေးကနေ မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဇာတွဲပထမဆုရခဲ့တဲ့ ထူးချွန်ကျောင်းသူလေးတစ်ဦးပေါ်ထွက်လာတာကိုတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။လျှပ်စစ်မီးတောင်မရရှိသေးတဲ့ တောရွာလေးကနေ သူမတက်ရောက်နေတဲ့ကျောင်းသို့ တစ်နာရီကျော် စက်ဘီးနင်းကာ သွားရောက်ပညာသင်ကြားရပြီး အခက်အခဲတွေကြားကနေ ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ မသဇင်ဝင်းကို ဂုဏ်ပြုပွဲလေးကျင်းပပေးခဲ့တာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ထိုဂုဏ်ပြုပွဲလေးမှာ ထူးချွန်စွာအောင်မြင်ခဲ့တဲ့ မသဇင်ဝင်းကိုရန်ကုန်က ပံံ့ပိုးကူညီသူတွေက ဂုဏ်ပြုငွေ ကျပ်၂၃သိန်း၅သာင်းနဲ့စာအုပ်တွေကို လာရောက်ပေးအပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ထိုဂုဏ်ပြုပွဲကို မသဇင်ဝင်း ပညာသင်ကြားခဲ့တဲ့ ကျုံပျော်မြို့နယ်၊တောက်တဲ့ရိုးကျေးရွာ အထက်တန်းကျောင်းမှာ ကျင်းပခဲ့တာပြီး အလှူရှင်တွေ ဆရာ၊ဆရာမများနဲ့ မသဇင်ဝင်းရဲ့ မိဘနှစ်ပါးဖြစ်သူပါ တက်ရောက်ခဲ့တာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဂုဏ်ပြုပွဲလေးမှတဆင့် မသဇင်ဝင်းနဲ့ သူမရဲ့မိဘနှစ်ပါးရဲ့ ကြည်နူးပြုံးပျော်နေပုံတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ရပါတယ်။

Source-BBC Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။