ယူ၂၀ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲကိုတော့ဒီနေ့မနက်အစောကယှဉ်ပြိုင်ကစားခဲ့ကြပြီးယူကရိန်းအသင်းကတောင်ကိုရီးယားအသင်းကို(၁-၃)နဲ့အနိုင်ယူပြီးချန်ပီယံဖြစ်ခဲ့ပါတယ်။ယူ၂၀ကမ္ဘာ့ဖလားသမိုင်းတစ်လျောက်မှာလည်းယူကရိန်းအသင်းကချန်ပီယံအသင်းသစ်ဖြစ်ခဲ့ပါတယ်။

ဗိုလ်လုပွဲကိုတက်ရောက်လာတဲ့အသင်း၂သင်းလုံးဟာသမိုင်းတစ်လျောက်ပထမဆုံးတက်ရောက်လာတာဖြစ်တာကြောင့်ချန်ပီယံဖြစ်ဖို့ကြိုးစားကစားသွားခဲ့တာပါ။၅မိနစ်မှာတင်တောင်ကိုရီးယားအသင်းပယ်နတီကနေဦးဆောင်ဂိုးရခဲ့တာဖြစ်ပါတယ်။ဦးဆောင်ဂိုးပေးရပြီးနောက်ပိုင်းမှာယူကရိန်းအသင်းကဖိအားပေးကစားခဲ့ပြီး၃၄မိနစ်မှာခြေပဂိုးရခဲ့ကာပထမပိုင်းအပြီးတစ်ဖက်၁ဂိုးနဲ့သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ယူကရိန်းအသင်းကပဲပိုကိုဖိအားပေးကစားခဲ့ရင်း၅၂မိနစ်နဲ့၈၉မိနစ်တို့မှာဦးဆောင်ဂိုးနဲ့အနိုင်ဂိုးတွေသွင်းယူခဲ့တာပါ။ဒါကြောင့်ယူ၂၀ကမ္ဘာ့ဖလားပြိုင်ပွဲမှာချန်ပီယံသစ်ဖြစ်လာခဲ့တာပါ။တောင်ကိုရီးယားအသင်းဟာသမိုင်းတစ်လျောက်ဖိုင်နယ်တက်လာပြီးချန်ပီယံဖြစ်ဖို့ကြိုးစားခဲ့ပေမယ့်လည်းဒုတိယနဲ့သာကျေနပ်ခဲ့ရပါတယ်။

Source:FIFA U 20 world cup 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။