ပြည်တွင်းပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ဆင်းရဲသူ ကလေးမလေးတစ်ဦးရဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်မှုကတော့ အားလုံးကိုအံ့သြမင်သတ်စေခဲ့တာပဲဖြစ်ပါတယ်။ မီးမရှိ ကျူရှင်မရှိတဲ့ဒေသမှာ ကြိုးစားခဲ့ပေမယ့် မြန်မာနိုင်ငံပထမအမှတ်အများဆုံးရရှိခဲ့ကာ ဝိဇ္ဇာဘာသာတွဲဖြင့်ထူးချွန်နိုင်ခဲ့သူလေးပဲဖြစ်ပါတယ်။

သူမကတော့ ဧရာဝတီတိုင်းဒေသကြီး ကျူံပျော်မြို့နယ်မှာနေထိုင်တဲ့ မသဇင်ဝင်းအမည်ရှိသူကလေးမလေးပဲဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း ဝိဇ္ဇာဘာသာတွဲကို တောက်တဲ့ရိုး အထကကျောင်းမှဂင်ရောက်ဖြေဆိုခဲ့ပြီး မြန်မာတစ်နိင်ငံလုံး ပထမရရှိခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့အောင်မြင်မှုကို နိုင်ငံတော်နှင့်အတူ အလှူရှင်များစွာလာရောက်လှူဒါန်းခဲ့ကြပြီး ဖြစ်ချင်တဲ့အနာဂတ်ကိုအကောက်ထည်ဖော်ဆောင်နိုင်ဖို့ တိုက်တွန်းပေးခဲ့ကြတာတွေ့ရပါတယ်။

မသဇင်းဝင်းကတော့ စာရေးဆရာမတစ်ဦးဖြစ်ချင်သူတစ်ယောက်ဖြစ်ပြီး သူမရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖေါ်နိုင်ရန်ကြိုးစားသွားမှာဖြစ်ကြောက်း ပြောပြထားပါတယ်။ ဒီကနေ့မှာလည်း အဆိုပါကလေးမလေးအား ပုသိမ်မြို့ မြေနုလမ်း မှဒေါက်တာ မောင်မောင်သန်းနှင့်ဒေါက်တာအေးအေးမြင့်တို့နှင့်အတူ နိုင်ငံခြားမှသူငယ်ချင်းများကသမီးလေးအတွက် ( ငွေသိန်းငါးဆယ်ကျပ် )ကို ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း သိရှိရပါတယ်။ ထူးချွန်ထက်မြင်သူတသ်ယောက်အဖြစ်ပေါ်ထွက်လာမယ့် အနာဂတ်မီးရောင်လေးမသဇင်ဝင်းကို ဂုဏ်ပြုရင်း မျှဝေပေးလိုက်ပါတယ်။

Photos - မာံသုခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။