ဒီနေ့ June လ၁၆ရက်နေ့ကတော့မြန်မာ့ဘောလုံးပရိသတ်တွေရဲ့အချစ်တော်ကျော်မင်းဦးရဲ့၂၃နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။သူကတော့ခုမှာဒဏ်ရာတွေခွဲစိတ်အောင်မြင်ပြီးမြက်ခင်းစိမ်းတွေအပေါ်ခြေချနိုင်ဖို့ကြိုးစားနေတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဘောလုံးကိုရူးသွပ်ပြီးနိုင်ငံအပေါ်ကြိုးစားချင်စိတ်အပြည့်ရှိတဲ့ကစားသမားဖြစ်တာကြောင့်ပရိသတ်တွေချစ်နေရတာပါ။

သူကတော့တစ်ချိန်ကမြန်မာအသင်းမှာကွင်းလယ်ကနေတိုက်စစ်ကိုအကောင်းဆုံးပုံဖော်ပေးနိုင်တဲ့ကစားသမားပဲဖြစ်ပါတယ်။ယူ၁၉အသင်းနဲ့တူတူအောင်မြင်မှုတွေလည်းယူနိုင်ခဲ့တဲ့ကစားသမားပါ။နိုင်ငံအသင်းမှာသာမကကလပ်ရန်ကုန်ယူနိုက်တက်အသင်းမှာပါခြေစွမ်းပြပြီးဆုဖလားတွေကိုဆွတ်ခူးခဲ့တဲ့ကစားသမားကောင်းတစ်ယောက်ပါ။

သူကတော့အဲ့လိုခြေစွမ်းတွေပြနိုင်ခဲ့ပေမယ့်လည်းဒဏ်ရာပြဿနာတွေကြောင့်ဘောလုံးလောကမှအနားယူမယ်လို့တောင်ဆုံးဖြတ်ခဲ့သူပါ။ဒါမယ့်ပရိသတ်တွေအဖွဲ့ချုပ်ရဲ့အားပေးမှုတွေကြောင့်ဒဏ်ရာခွဲစိတ်မှုတွေလုပ်ပြီးဘောလုံးကစားနိုင်ဖို့ကြိုးစားနေတာပါ။ဒီနေ့၂၃နှစ်ပြည့်မွေးနေ့မှစပြီးလည်းနိုင်ငံအသင်းမှာခြေစွမ်းတွေပြပြီးအောင်မြင်ကျော်ကြားတဲ့ကစားသမားဖြစ်ပါစေလို့ပရိသတ်တွေနဲ့တူတူဆုတောင်းပေးလိုက်ကပါတယ်။

Source:Kyaw Min Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။