ကြက်တောင်ရိုက်အားကစားကနေမြန်မာ့ဂုဏ်ကိုဆောင်နေတဲ့ကြက်တောင်ရိုက်ကစားသမားသက်ထားသူဇာကတော့ခုမှာလည်းမော်ရစ်သျှနိုင်ငံမှာကျင်းပတဲ့ပြိုင်ပွဲမှာလည်းဗိုလ်စွဲနိုင်ခဲ့ပါပြီ။သက်ထားသူဇာကတော့နောက်ဆုံးဖိုင်နယ်မှာဖင်လန်ကစားသမားနဲ့တွေ့ဆုံခဲ့ပြီးခက်ခက်ခဲခဲကစားကာအနိုင်ရခဲ့တာပါ။

သက်ထားသူဇာကတော့ဒီပြိုင်ပွဲမှာပထမအဆင့်မှစတင်ကစားရတာဖြစ်ပြီးပထမအဆင့်မှာတင်အိမ်ရှင်ကစားသမားကိုဖြတ်ကျော်ခဲ့ရတာပါ။ဒီပြိုင်ပွဲမှာတော့ပွဲတိုင်းကိုခက်ခက်ခဲခဲကစားရပြီးပြိုင်ပွဲဝင်တိုင်းကလည်းကမ္ဘာ့အဆင့်အမြင့်ကစားသမားတွေပဲဖြစ်ပါတယ်။ဖိုင်နယ်တက်ရာတောက်လျောက်အဆင့်တွေမှာလည်းပွဲတိုင်းကိုခက်ခက်ခဲခဲအနိုင်ယူခဲ့ရတာဖြစ်ပါတယ်။

သက်ထားသူဇာကတော့၂၀၁၈ခုနှစ်မှစပြီးနိုင်ငံအတွက်နိုင်ငံတစ်ကာပြိုင်ပွဲကနေဆုတံဆိပ်တွေဆုဖလားတွေကိုဆွတ်ခူးပေးနေတာဖြစ်ပါတယ်။ခုမှာလည်းနိုင်ငံတစ်ကာအလယ်မှာမြန်မာနိုင်ငံအလံကိုလွှင့်ထူနိုင်အောင်ကြိုးစားခဲ့တဲ့သက်ထားသူဇာကိုလည်းအားပေးဂုဏ်ပြုလိုက်ဖို့တင်ဆက်ပေးလိုက်ပါတယ်။

Source:Thet Htar Thuzar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။