ဂျူဗင်တပ်အသင်းရဲ့တိုက်စစ်မှူးရော်နယ်ဒိုကတော့ဘောလုံးရာသီပြီးဆုံးတဲ့အချိန်မှာတောင်မနားနေနိုင်ပဲလေ့ကျင့်ခန်းတွေလုပ်နေတုန်းဖြစ်ပါတယ်။ရော်နယ်ဒိုကတော့လိဒ်ပြိုင်ပွဲတွေပြီးဆုံးပေမယ့်လည်းနိုင်ငံအသင်းအတွက်နေရှင်နယ်လိဒ်ဖလားကြီးဆွတ်ခူးပြီးမှသာအနားယူနိုင်တာဖြစ်ပါတယ်။

တစ်ခြားနာမည်ကျော်ကစားသမားတွေလည်းမိသားစုချစ်ရတဲ့သူတွေနဲ့အနားယူနေတာဖြစ်ပေမယ့်လည်းဒိုလေးတစ်ယောက်ကတော့အနားယူချိန်မှာတောင်လေ့ကျင့်ခန်းတွေလုပ်နေတာပါ။သူကတော့လက်ရှိအချိန်မှာပရိသတ်တွေတင်စားထားတဲ့ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားပဲဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းမှာလည်းခြေစွမ်းပြပြီးစီးအီးအေဖလားကြီးကိုဆွတ်ခူးပေးနိုင်သလိုပေါ်တူဂီအသင်းအတွက်လည်းခြေစွမ်းပြပြီးနေရှင်နယ်လိဒ်ဖလားကြီးကိုဆွတ်ခူးထားတာပါ။

ဒါကြောင့်ပရိသတ်တွေကလည်းသူ့ရဲ့အောင်မြင်မှုတွေကိုဂုဏ်မပြုပဲမနေနိုင်တာပါ။သူကတော့လက်ရှိအချိန်မှာအသက်အရွယ်ရလာတာကြောင့်အကောင်းဆုံးကစားနိုင်ဖို့ဆိုလေ့ကျင့်ခန်းတွေကိုလုပ်ဖို့လိုအပ်နေတာပါ။ဂျူဗင်တပ်အသင်းကလည်းနောက်နှစ်ချန်ပီယံလိဒ်ပြိုင်ပွဲအတွက်အဓိကပြင်ဆင်နေတာကြောင့်ရော်နယ်ဒိုတစ်ယောက်နားနေချိန်မှာတောင်လေ့ကျင့်ခန်းတွေလုပ်ပြီးအသင်းအတွက်ဘယ်လောက်တောင်စွမ်းဆောင်နိုင်မလဲဆိုတာတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

Source.Cristiano

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။