ထပ်ဆင့်အကယ်ဒမီဖွေးစိန်တစ်ယောက် သူမရဲ့ပထမဆုံးအတွေ့အကြုံအဖြစ် ကြော်ငြာ တစ်ခုအတွက် မနက် ၆ နာရီ ကနေ ည ၆ နာရီအထိ လေးရက်ဆက်တိုက်မနားတမ်း ရိုက်ကူးခဲ့တဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ လေးရက် ဆက်တိုက် တစ်ရက်ကို ၁၂ နာရီ ဆက်တိုက်ရိုက်ကူးရတယ်ဆိုတော့ တကယ့်ကိုကြိုးစား ထားတာပဲနော်။ ဘာကြော်ငြာလေးဖြစ်တယ်ဆိုတာကိုတော့ သူမကပြောမပြထားပါဘူး။

ကျရာဇာတ်ရုပ်တိုင်းမှာ ပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်တတ်တဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေးဖွေးစိန်ဟာ အားပေးသူပရိသတ်အင်အားအတော်လေးတောင့်တင့်ကာ ပွင့်လင်းပြီး ဖော်ရွေလွန်းတဲ့ သူမရဲ့ပုံစံလေးဟာလည်း ရှိရင်းစွဲအသက်ထက် ပိုငယ်တယ် လို့တောင်ထင်ရပါတယ်။ အသက်သုံးဆယ်ကျော်အရွယ်ဆိုတာ မပြောရင် လုံးဝမထင်ရ လောက်အောင်ကို နုပျိုလွန်းသူလေးပါ။

သူမရဲ့ရိုက်ကွင်းပေါ်က ကြိုးစားခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို " Yayyyy!! 4 days of shoot and its A Total Wrap Now!! Whoop Whoop!! We made it! ပြီးပြီကွ!!! ကြော်ငြာကို မနက် ၆နာရီကနေ ည၆နာရီထိ ၄ရက်ကြာရိုက်ရတာ ဒါပထမဦးဆုံးပါပဲရှင် Very great experience!! ဘာကြော်ငြာလေးဖြစ်မလဲဆိုတာတော့ ထွက်လာမှကြည့် တော့နော် Love you all My Darlings Never Give Up" ဆိုပြီး ဝေမျှလိုက်တာမို့ ဖွေးကိုချစ်တဲ့ ဖွေးစိန်ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်တယ်နော်။

Photo - Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။