မနေ့က 16.6.2019 ဟာဆိုရင် တစ်ကမ္ဘာလုံးက ဖခင်တွေကို ကိုယ်စားပြုတဲ့ " အဖေများ နေ့ " ပဲ ဖြစ်ပါတယ်။ ဒီလိုနေ့လေးမှာဆိုရင် လူတိုင်းလိုလို ကိုယ့်ရဲ့ကျွေးသဖခင်ကို ကျေးဇူးတင်ကြောင်းနဲ့ ချစ်ခင်ကြောင်းတွေ ပြောပြလေ့ ရှိပါတယ်။ သင်ဇာဟာလည်း သူမတို့မိသားစုပုံရိပ်လေးနဲ့အတူ ဖခင်အတွက် ဂုဏ်ယူစကားနဲ့ ဆုတောင်းစကားလေး ကို ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ မိသားစုပုံရိပ်လေးဟာ သုံးယောက်သား အပြုံးလေးတွေက အရမ်းကို ကြည်လင်ပြီး ကြည်နူးစရာကောင်းလွန်းနေပါတယ်။

မြန်မာဝတ်စုံလေးနဲ့ အရမ်းကိုလှနေတဲ့ သင်ဇာတစ်ယောက် ဖခင်နဲ့ မိခင်တို့ကြားမှာ အချိုမြိန်ဆုံးပြုံးနေပုံက ကျက်သရေရှိလွန်းနေပါတယ်။ သားသမီးတိုင်းအတွက် အလုံခြုံဆုံး နဲ့ စိတ်အချဆုံးအချိန်ဟာ မိဘနှစ်ပါးရဲ့ အရိပ်အာဝါသအောက်မှာရှိနေချိန်ပါပဲ။ သင်ဇာ တစ်ယောက် လုံခြုံနွေးထွေးမှုတွေနဲ့အတူ ပျော်ရွှင်နေတဲ့အပြုံးလေးတွေနဲ့ အရမ်းကို လှလွန်းနေပါတယ်။

သူမတို့မိသားစုပုံရိပ်လေးနဲ့အတူ " Happy Father’s Day Phay Phay Gyi U r the only hero for my life & love u so much I’m really proud for being one of your daughter. Wish u all the best for everything " ဆိုပြီး ဖခင်အတွက် ဆုတောင်းစကား လေးဆိုလိုက်တာပဲဖြစ်ပါတယ်။ ကြည်နူးစရာမိသားစုပုံရိပ်လေးဟာ အရမ်းကို ကျက်သရေ ရှိလွန်းတာမို့ တင်ဆက်ပေးလိုက်တယ်နော်။

Photo - Thinzar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။