ပရဟိတမင်းသမီးလေးတစ်ယောက် မိဘမဲ့ကလေးတွေကို ကိုယ့်သားသမီးလေးတွေကို ရင်အုပ်မကွာစောင့်ရှောက် တတ်သူတစ်ယောက်ပါပဲ။ သူမမွေးစားထားတဲ့ ကလေးတိုင်း ကိုလည်း သူမရဲ့နာမည် " ခိုင် " ဆိုတာလေးကို အမြဲတမ်းထည့်ပြီး နာမည်ပေးလေ့ရှိပါ တယ်။ ဒုက္ခရောက်တဲ့ကလေးတိုင်းကို ခေါ်ယူစောင့်ရှောက်ချင်ပေမယ့် သူမအတွက် နေရာအခက်အခဲတွေရှိနေတာကြောင့် ကလေးပေးချင်လို့ လာပြီးပြောဆိုကြသူတွေထဲက တကယ်ကို ခက်ခဲသူတွေရဲ့ သားသမီးတွေကိုပဲ လက်ခံဖြစ်တယ်လို့ဆိုပါတယ်။

ဒီလိုလက်ခံတဲ့အပေါ်မှာလည်း သူမလက်မခံပဲ ငြင်းခဲ့မိတဲ့ ကလေးတွေကိုလည်း တွေးပြီး စိတ်ပူနေမိတယ်လို့ ဆိုပါတယ်။ သူမငြင်းလိုက်တာကြောင့် ပိုကောင်းတဲ့နေရာကို မရောက် မှာလည်း စိုးရိမ်မိတယ်လို့ဆိုပါတယ်။ သူမငြင်းလိုက်လို့ မိဘနဲ့အတူ ပြန်နေရမလား ဆိုတာကိုလည်း တွေးပြီးဖြေသိမ့်ခဲ့ရပါသေးတယ်တဲ့။ ဒီနေ့မှာတော့ ကလေးတို့မေမေ ခိုင်နှင်းဝေတစ်ယောက် ငါးရက်အတွင်း ခေါ်ယူမွေးစားလိုက်တဲ့ ကလေး လေးယောက်ရဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ရင်တွင်းခံစားချက်တွေကို ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။

" ကလေးပေးချင်လို့ပါ!!! ကလေးပေးချင်လို့ပါ!!!ကလေးပေးချင်လို့ပါ!!! ဒီလိုစကားလုံးနဲ့ ဒီလိုပြောသံတွေက ကျမနေ့စဉ်နဲ့အမျှ မကြားချင်ပဲလဲ ကြားနေရတဲ့စကားသံတွေပေါ့ ကျမဆီကို အကြောင်းအမျိုးမျိုးနဲ့ လာရောက် အပ်နှံချင်ပါတယ်ဆိုတဲ့ ကလေးလေးတွေ ထဲကမှ အခက်အခဲအဖြစ်ဆုံးသောကလေးတွေကို ကျမလက်ခံခေါ်ယူ စောင့်ရှောက်ခဲ့ပါ တယ် ကလေးတွေအားလုံးကို စောင့်ရှောက်ပေးချင်ပေမယ့် ကျမမှာနေရာအခက်အခဲ ရှိတယ် လေ ကျမငြင်းလိုက်မိလို့ ဒီကလေးတွေဘယ်များရောက်သွားမလဲဆိုတဲ့အတွေးနဲ့ လဲစိတ်ပူမိသေးရဲ့ နောက်ထပ်အတွေး တခုကလည်း ကျမလက်မခံလိုက်နိုင်တဲ့ ကလေး လေးတွေ မိဘနဲ့ရင်အုပ်မကွာဆက်လက်နေသွားနိုင်မလားဆိုပြီးတွေးရင်းလည်း ဖြေသိမ့် ရပြန်တယ် ၅ရက်အတွင်း ကျမရင်ခွင်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ သမီး ၃ ယောက်နဲ့ သား၁ယောက် (ခိုင်ညမိုးမေ) (ခိုင်ဝင့်ထည်မေ) (ခိုင်နှိုင်းမမှီမေ) (ခိုင်ကောင်းကင်မောင်) ချစ်စရာ သားနဲ့သမီးတို့ရေ မေမေတို့ " ခိုင် " မိသားစုမှကြိုဆိုပါ တယ် ကလေးတို့ရဲ့ မေမေ ခိုင်နှင်းဝေ " ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။

Photo - Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။