သရုပ်ဆောင်ရာတွင် ကျရာဇာတ်ရုပ်တိုင်းကိုပီပြင်စွာသရုပ်ဆောင်နိုင်ရုံသာမကပဲ ဖက်ရှင်ဘုရင်မလို့ခေါ်ဆိုရလောက်အောင်စမတ်ကျလွန်းတဲ့သူကတော့ ပြည်သူချစ်ထိပ်တန်းမင်းသမီးချောလေး အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ် နှစ်ခုတိုင်အောင် အောင်မြင်မှုတွေများစွာနဲ့အနုပညာလမ်းကြောင်းမှာယနေ့ထိ လင်းလက်နေတဲ့ကြယ်ပွင့်တစ်ပွင့်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ဒါ့အပြင် သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကိုဖန်တီးတည်ဆောက်ထားနိုင်တာကြောင့် ပရိသတ်များကပါ အားကျနေရတာပါ။ 

ခင်ပွန်းဖြစ်သူ သရုပ်ဆောင်ပြေတီဦးနဲ့လည်း သာယာသောအိမ်ထောင်ရေးကို တည်ထောင်နေတာပဲဖြစ်ပြီး သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ နတ်ဖက်တဲ့စုံတွဲလို့သတ်မှတ်ရလောက်အောင် ပရိတ်သတ်တွေအားကျရသော ဇနီးမောင်နှံလေးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်အပြင် အောင်မြင်သောစီးပွားရေးကို ဦးဆောင်ပြီးလုပ်နေသော ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ 

အူဝဲဟာ မနေ့ကကျရောက်တဲ့အဖေများနေ့မှာ သးမဖခင်အတွက်အမှတ်တရစကားလေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာဝေမျှထားတာပါ။ " သူများတွေလို.....

အဖေ့အကြောင်းတွေကြွားချင်လိုက်တာ...

ဒါပေမဲ့ အဖေမှမရှိတာ....

သူများတွေလို.....

အဖေ့မေတ္တာတွေဖွဲ့ချင်လိုက်တာ....

ဒါပေမဲ့ အဖေမှမရှိတာ....

သူများတွေလို.....

အဖေ့ကို အမိုးအကာကြီးတစ်ခုလို ရှိစေချင်လိုက်တာ...

ဒါပေမဲ့ အဖေမှမရှိတာ....

သူများတွေလို......

အဖေ့ရဲ့ခွန်အားတွေရချင်လိုက်တာ......

ဒါပေမဲ့ အဖေမှမရှိတာ......

သူများတွေလို......

"အဖေ"လို့ အားရပါးရခေါ်ချင်လိုက်တာ.....

ဒါပေမဲ့ အဖေမှမရှိတာ.....

အဖေရှိတဲ့သူများအားလုံးကို အားကျလျှက်......

"အဖေများနေ့" အတွက်အမှတ်တရ......

ဖေဖေဦးကျော်ဇင် ရဲ့

သမီး

အိန္ဒြာကျော်ဇင် " ဆိုပြီး ဝေမျှထားတာဖြစ်လို့ ပရိသတ်ကြီးလည်းဝေမျှခံစားနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source- Eaindra Kyaw Zin

Photo - Pathy Pathy Eaindra Kyaw Zin’s Crazy 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။