ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီများရှင်လူမင်းကတော့ တစ်ခေတ်တစ်ခါတည်းကရုပ်ရှင်ဇာတ်ကားတွေအများအပြားမှာ ပါဝင်ခဲ့တာကို ပရိသတ်ကြီးလည်းတွေ့မြင်ခဲ့ရမှာပါနော်။ငယ်ငယ်တုန်းက ခန့်ညားချောမောတဲ့လူမင်းက သူ့ခေတ်သူ့အခါမှာ ပျိုတိုင်းကြိုက်တဲ့မင်းသားတစ်လက်ဖြစ်ခဲ့ပြီး အခုချိန်ထိလည်း ခန့်ညားနေဆဲဖြစ်ကာ အချိန်တိုင်းမှာ စမတ်ကျနေတဲ့မင်းသားကြီးတစ်လက်ပါနော်။

အခုချိန်မှာ လူမင်းက မိသားစုလေးနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်နေပြီး အနုပညာအလုပ်တွေကိုလည်း အမြဲတမ်းကြိုးစားလုပ်ကိုင်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။လူမင်းရဲ့ချစ်ဇနီးလေး ခင်စံပယ်ဦးကလည်း ခင်ပွန်းနဲ့သားသမီးအပေါ်ကို လိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်တဲ့ ဇနီးကောင်းလေးဖြစ်တဲ့အပြင် သားနဲ့သမီးကလည်း ဘက်စုံထူးချွန်ထက်မြက်ကြလို့ မိဘတွေကို မျက်နှာပွင့်စေတဲ့ကလေးတွေပါနော်။

လူမင်းရဲ့သားနဲ့သမီးက ပညာရေးမှာလည်း ထက်မြက်ကြလို့ ကျောင်းမှာလည်းဆုတွေရကြသလို လူမှုပေါင်းသင်းဆက်ဆံရေးမှာလည်း ဖော်ရွေစွာပေါင်းသင်းတတ်သူတွေပါ။အခုဆိုရင်တော့ ဧရာဝတီနဲ့ဧဝရက်လေးက ဝါဆိုဦး ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းမှာ တက်ရောက်နေကြပါတယ်။ဧရာဝတီနဲ့ဧဝရက်လေးတို့ကတော့ ဘာသာရေးကိုလည်း ယုံကြည်ကိုင်းရှိုင်းကြပြီး သူတော်ကောင်းကလေးလေးတွေဖြစ်လို့ မျက်နှာလေးက ကြည်လင်ဝင်းပလို့နေပါတယ်နော်။

Source:Ayarwady Lu Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။