One Championship (MMA) လောကမှာ နာမည်တစ်လုံးရယူနိုင်ထားတဲ့ ပြည်တွင်းဖိုက်တာ ဖိုးသော်ကတော့ ပရိသတ်တွေကို အနိုင်ရလဒ်နဲ့အတူ ကျေနပ်စေခဲ့ပါပြီ။ MMA လောကမှာ ပြည်တွင်းစံပြဖိုက်တာတစ်ဦးဖြစ်တဲ့အပြင် ပြည်ပနိုင်ငံခြားသားများစွာကိုလည်း အလဲထိုးနိုင်ခဲ့ဖူးသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဇွန်လ ၁၅ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ LEGINDARY QUEST (One Championship) ပွဲမှာ ပရိသတ်အချစ်တော် ဖိုးသော်လည်း သွားရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ပြိုင်ပွဲမှာတော့ အင်ဒိုနီးရှားဖိုက်တာ SENDUK နဲ့ ထိုးသတ်ခဲ့ရပြီး ပထမအချီအတွင်းမှာပဲ အလဲထိုးနိုင်ခဲ့ကြောင်းသိရပါတယ်။ ပွဲအစမှာပဲ နှစ်ဖက်ပြိုင်ဘက်ကစားသမားတွေက တိုက်စစ်ဖွင့်ကစားခဲ့ကြပြီး မိနစ်ပိုင်းအတွင်းမှာ ဖိုးသော်ရဲ့ ချုပ်ကွက်အောက်ရောက်ရှိခဲ့ပေမယ့် အဆုံးမသက်ခဲ့ပဲ ဆက်လက်ယှဉ်ပြိုင်နိုင်ခဲ့တာလည်းတွေ့ရပါတယ်။  

အဆိုပါ ပထမအချီရဲ့ နောက်ဆုံးစက္ကန့်အလိုမှာပဲ ဖိုးသော်ရဲ့ ဘယ်ညာလက်သီး ချက်တွေကြောင့် အလဲထိုးနိုင်ခဲ့ပြီး အနိုင်ရလဒ်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်အကြိုက်ရလဒ်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဖိုးသော်ရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

VIDEO - PHOE THAW 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။