ပရိသတ်ကြီးရေ ရိုမန်တစ်ဆန်တဲ့ အချစ်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲအားကျကြည်နူးစေတဲ့ စုံတွဲလေးကတော့ အဆိုတော်သားဂန်းနဲ့ မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောဘေဘီမောင်တို့ စုံတွဲလေးပဲ ဖြစ်ပါတယ်။တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး လိုက်ဖက်ညီလွန်းတဲ့ သူတို့စုံတွဲလေးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုလည်း အခိုင်အမာရရှိထားကြသူတွေလည်း ဖြစ်ပါတယ်။

သူတို့ စုံတွဲလေးကတော့ အောင်မြင်တဲ့အနုပညာရှင်တွေဖြစ်ပြီး ကိုယ်စီ ပရိသတ်အခိုင်မာရရှိထားတာလည်းဖြစ်ပါတယ်။ဘေဘီမောင်ကတော့ ကိုယ်ခန္ဓာအမိုက်စားလေးကို ပိုင်ဆိုင်ထားကာ အမြဲဖက်ရှင်အလန်းတွေနဲ့ စမတ်ကျကျ ဝတ်ဆင်တက်တာကြောင့် မိန်းကလေးအများစု အားကျချစ်ခင်နေရတာလည်းဖြစ်ပါတယ်။ဇာတ်ကားများစွာ ရိုက်ကူးထားပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှု များစွာရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

သားဂန်းကတော့ သီချင်းတွေကို အကောင်းဆုံးဖန်တီး သီဆိုနိုင်မှုကြောင့် အချိန်ခဏလေးတွင်းမှာ ပရိသတ်တွေရဲ့ အားပေးမူကို အခိုင်မာရရှိခဲ့တာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ အဖေများနေ့အတွက် အမှတ်တရ သီဆိုပြထားတဲ့ သီချင်းလေးကို သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။သီချင်းလေးက အရမ်းနားထောင်ကောင်းနေတာဖြစ်ပြီး နားထောင်သူ ပရိသတ်တိုင်း ကြိုက်နှစ်သက်စေမှာ အမှန်ပဲဖြစ်တာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Source:Thar Gan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။