စပိန်အသင်းနဲ့ ရီးရဲအသင်းခေါင်းဆောင်ရာမို့စ်ကတော့ သူနဲ့ကာလရှည်ကြာလက်တွဲခဲ့တဲ့ ချစ်သူလေး ပီလာရူဘီယိုနဲ့ ဇွန်လ(၁၅)ရက်နေ့မှာ လက်ထပ်ပွဲကို ကြီးကြယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပြီး ပျော်ရွှင်စွာ ဆင်နွှဲခဲ့ပါတယ်။ ရီးရဲကစားသမားတွေအကုန်တတ်ရောက်လာခဲ့သလိုရာမို့စ်နဲ့ ရင်းနှီးတဲ့ ရီးရဲကစားသမားဟောင်းတွေလဲတတ်ရောက်လာခဲ့ကြပါတယ်။ 

မဟာပြိုင်ဖက်ဘာစီအသင်းရဲ့ကစားသမားတွေဖြစ်ကြတဲ့ ALBA / BUSQUETS တို့တတ်ရောက်လာခဲ့သလို ရီးရဲအသင်းဖော်တွေဖြစ်ကြတဲ့NAVAS MODRIC ASENSIO VAZQUEZ နဲ့ အသင်းဖော်ဟောင်းတွေဖြစ်ကြတဲ့ မိုရာတာ ဒေးဗစ်ဘက်ခမ်းတို့လဲ တတ်ရောက်ခဲ့ပြီး ပျော်ရွှင်စွာ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ အသင်းဖော်ဟောင်း ရော်နယ်ဒိုကတော့ အဆိုပါမင်္ဂလာပွဲမှာ မပါဝင်ခဲ့ပါဘူး။ 

ရီးရဲအသင်းခေါင်းဆောင်ရာမို့စ်နဲ့ ချစ်သူပီလာရူဘီယိုတို့ရဲ့ လက်ထက်ပွဲကို ဆီဗီးလ်ကက်သဒရယ်လ်တွင် မင်္ဂလာပွဲကို La Alegria SR4 အပန်းဖြေအိမ်တွင် ကျင်းပသွားခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ AC/DC နဲ့ ပွဲတတ်လာသူတွေကိုဖျော်ဖြေခဲ့တာပဲဖြစ်ပြီး ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

SOURCE: ESPN FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။