သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ကြော်ငြာနဲ့ ဗီဒီယိုဇာတ်ကားတွေ အများဆုံးရိုက်ကူးပြီး အောင်မြင်လာခဲ့တဲ့ ပရိသတ်အချစ်တော်တစ်ယောက် ဖြစ်ပါတယ်။ ဘိုမရုပ်လေးလို ချစ်ဖို့ကောင်းပြီး စကားပြောလိုက်တိုင်း ပရိသတ်တွေအသည်းကြွေနေရတဲ့ သဉ္ဇာက အခုချိန်မှာတော့ အိမ်ထောင်ရှင်မအဖြစ် ရပ်တည်နေရပြီ ဖြစ်ပါတယ်။ သဉ္ဇာက အေးချမ်းသာယာတဲ့ သူမရဲ့မိသားစုလေးနဲ့အတူ နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းရဲ့သားလေးက ပါးဖောင်းဖောင်းလေးတွေနဲ့ အသည်းယားဖို့ကောင်းလွန်းတာကြောင့် မြင်သူတိုင်းက ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။အခုလည်း Peach လေးက ဖေဖေရဲ့ကိုယ်ပေါ်မှာ တက်ထိုင်ပြီး တရုတ်စကားတွေသင်နေတာ တွေ့ရပါတယ်။ ဖေဖေက တရုတ်လိုပြောသမျှကို Peach လေးက အနောက်ကနေ ချစ်စရာအသံလေးနဲ့ လိုက်ပြောနေတာပဲ ဖြစ်ပါတယ်။ တရုတ်စကားပြောတတ်နေပြီဖြစ်တဲ့ Peach လေးကတော့ မချစ်ဘဲမနေနိုင်လောက်အောင်ပါပဲနော်။

ဒီဗီဒီယိုလေးကို ကြည့်ရှုခဲ့ကြတဲ့ ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ Peach လေးကို ချစ်မဝဖြစ်နေကြတာ တွေ့ရပါတယ်။ ဒီတစ်ပတ်ပိတ်ရက်မှာတော့ Peach လေးက မေမေ၊ဖေဖေတို့နဲ့အတူ မွေးနေ့ပွဲတစ်ခုကို တက်ရောက်ပြီး အပြင်လျှောက်လည်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖေဖေနဲ့မေမေကို တရုတ်လိုခေါ်ပြီး အချွဲပိုနေတဲ့ သဉ္ဇာနွယ်ဝင်းသား Peach လေးရဲ့ချစ်စရာဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thinzar Nwewin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။