မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးပေါ့ဘာကတော့ခုမှာအသင်းကထွက်ခွာလိုကြောင်းပြောကြားခဲ့ပါတယ်။ပေါ့ဘာကတော့အသင်းပြောင်းရွေ့တော့မယ်လို့သတင်းတွေအစောကြီးထွက်ပေါ်ခဲ့ပေမယ့်လည်းခုမှာသူကိုယ်တိုင်ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ပေါ့ဘာကိုတော့ဂျူဗင်တပ်၊ရီးရဲအသင်းတို့ကခေါ်ယူမယ်လို့သတင်းတွေထွက်နေပေမယ့်လည်းကမ်းလှမ်းမှုတွေကတော့မရှိသေးတာဖြစ်ပါတယ်။

ပေါ့ဘာဟာမန်ယူအသင်းမှာဆက်နေမယ်ဆိုရင်လစာလျော့ချခံရမှာဖြစ်တာကြောင့်အသင်းပြောင်းလိုနေတာဖြစ်ပါတယ်။မနှစ်ကဘောလုံးရာသီကလည်းအသင်းရဲ့ပွဲစဉ်တွေမှာအားကြိုးမာန်တက်မရှိတာကြောင့်နည်းပြတွေနဲ့ပြဿနာတွေတက်ခဲ့ရတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်မန်ယူအသင်းကလည်းသူ့ကိုအသင်းမှာဆက်ရှိဖို့မလိုလားတော့တာဖြစ်ပါတယ်။

ရီးရဲအသင်းပရိသတ်တွေကလည်းပေါ့ဘာကိုအလိုမရှိတာကြောင့်အသင်းဟောင်းဂျူဗင်အသင်းကိုသာပြောင်းရွေ့နိုင်ဖွယ်ရှိနေတာပါ။ပေါ့ဘာတစ်ယောက်တော့အသင်းပဲပြောင်းမလားမန်ယူအသင်းမှာပဲလစာလျော့ယူပြီးဆက်ရှိနေမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်အားပေးကြပါဦးနော်။

SOURCE:Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။