Selena Gomez ဟာဆိုရင် သူမအောင်မြင်လာတဲ့ချိန်ကစပြီး ပရိသတ်တွေရဲ့ ဝန်းရံမှုကို ခံထားရတဲ့ လူကြိုက်များတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ညတုန်းကတော့ Nobu Malibu မှာ Selena ဟာ သူမရဲ့သူငယ်ချင်းတွေနဲ့အတူ ဖြတ်သန်းခဲ့ပါတယ်။ အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်မလေးဟာ အဲ့နေ့ညတုန်းက သူငယ်ချင်းတွေနဲ့ ဝန်းရံကာ ပျော်ရွှင်စွာ ရှိနေခဲ့ပြီး စားသောက်ဆိုင်တစ်ဆိုင်ကို သွားရောက်ခဲ့ကြပါတယ်။ သူမလဲ ခုတလောပျော်ရွှင်နေတာတွေတွေ့ရတော့ ပရိသတ်တွေလဲ ကျေနပ်နေကြပါတယ်။ 

အရင်အပတ်တုန်းကဆိုရင် Selena ဟာသူရဲ့ကားဖြစ်တဲ့ The Dead Don't Die ဆိုတဲ့ကားကို ပြခဲ့တဲ့ Cannes ရုပ်ရှင်ပြပွဲတော်မှာ သူမနားကပ်ပြီး ပြောခဲ့တဲ့ Bill Murray ရဲ့စကားကို ပြောပြခဲ့ပါတယ်။ သူမပြောပုံအရ မင်းသားဟာ ဟာသမင်းသားဖြစ်တဲ့အတွက် သူ့ကို ပုံမှန်စကားပဲပြောကာ နည်းနည်းတော့ကြောင်တောင်တောင်ဆန်တယ်ဆိုတာကို ပြောပြခဲ့ပါတယ်။ ပရိသတ်တွေက သူမ အဲ့စကားတွေကို ဖွင့်မပြောပြခင်မှာ မေးခွန်တွေ များစွာထွက်နေခဲ့ပြီး သူမလဲ ပြောပြရော သာမန်စကားပဲဖြစ်ပြီး နည်းနည်းကြောင်တာကလွဲလို့ မရှိခဲ့ပါဘူး။ 

စနေနေ့တုန်းကတော့ သူမဟာ PUMA Collection အတွက် ဓာတ်ပုံတွေရိုက်ခဲ့ပါတယ်။ ပုံထဲမှာ တွေ့တဲ့အတိုင်း လှပနေတာကို ပရိသတ်ကြီးတွေ့ရှိရမှာဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက်လဲ သူမရဲ့ အလှပုံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ သူမဟာလဲ ခုချိန်မှာ သူမရဲ့ လေးနှစ်ကြာပြီနောက်မှာ ပထမဆုံးပြန်လည်ထွက်ရှိတဲ့ Album ဟာလဲပြီးဆုံးတော့မည်ဖြစ်ကြောင်းကို ြပောပြခဲ့ပါတယ်။ သူမအနေနဲ့ အဲ့ Album ထဲမှာ သူမဖြတ်သန်းလာရတဲ့ ဘဝအကြောင်းတွေကို ထည့်ထားကြောင်းပြောပြခဲ့ပါတယ်။ 

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။