ကမ္ဘာကျော်အဆိုတော်ဖြစ်တဲ့ Jessie J ဟာဆိုရင် ချစ်သူကောင်လေးဖြစ်တဲ့ Channing Tatum ရဲ့ သမီးလေးဖြစ်သူ Everly နဲ့တွေခဲ့ပါတယ်။ သူတို့နှစ်ယောက် ချစ်သူဖြစ်ပြီး ၈လအကြာမှာ တွေ့ခဲ့တာဖြစ်ပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ Jessie ဟာ အင်တာဗျူးတစ်ခုမှာ Hollywood Star Channing ရဲ့ အရင်မိန်းမဖြစ်သူ Jeena နဲ့ရထားတဲ့တစ်ဦးတည်းသောသမီးဖြစ်သူကို ပထမဆုံးအကြိမ်အနေနဲ့ သွားတွေ့ခဲ့ရခြင်းအတွက် သူမအနေနဲ့ စိုးရိမ်ထိတ်လန့်တဲ့ ခံစားချက်တွေမခံစားရကြောင်းကို ပြောပြခဲ့ပါတယ်။  

သူမအနေနဲ့ ပထမဆုံး Everly ကိုသွားတွေ့ခဲ့ရတဲ့အတွက် ခတ်ခဲခဲ့လားမေးတဲ့ချိန်မှာတော့ သူမက "အမလေး...ဘာမှမဖြစ်ပါဘူး...ကလေးလေးက ၆နှစ်ပဲရှိသေးတာ ပြီးတော့ ချစ်ဖို့လဲတကယ်ကောင်းတယ် " ဆိုပြီး ပြောပြခဲ့ပါတယ်။ Jessie နဲ့ Channing တို့ဟာဆိုရင် ၂၀၁၈ခုနှစ် အောက်တိုဘာလ မှာချစ်သူတွေဖြစ်ခဲ့ကြပြီး အသက် ၃၉နှစ်ရှိပြီဖြစ်တဲ့ မင်းသား Channing က အရင်မိန်းမဖြစ်သူ Jenna နဲ့ အိမ်ထောင်သက် ၉နှစ်ကြာပြီးနောက် ၂၀၁၈ခုနှစ် April လမှာကွာရှင်းခဲ့တာဖြစ်ပါတယ်။  

လအနည်းလောက်ကြာပြီးနောက်မှာ Channing ဟာ သမီးလေးနဲ့အတူ Los Angeles မြို့ Wiltern Theater မှာ Jessie ရဲ့ ဖျော်ဖြေပွဲကို သွားရောက်ခဲ့ပါတယ်။ Jessie ဟာဆိုရင်လဲ ၂၀၁၄ခုနှစ်က သူမအနေနဲ့ ကလေးပိုင်ဆိုင်ချင်ပြီး အမေတစ်ယောက်ဖြစ်ချင်ကြောင်းကို ပြောပြခဲ့ပါတယ်။ " တစ်ရက်ရက်မှာ ကျွန်မဟာ ကလေးတွေကို ပိုင်ဆိုင်ကောင်းပိုင်ဆိုင်ရတဲ့ချိန်မှာ အမေတစ်ယောက်အနေနဲပ ရင်ဆိုင်တွေကြုံရမဲ့ ပြဿနာ အခတ်အခဲတွေကို ရင်ဆိုင်မှာပါ " ဆိုပြီး ပြောပြခဲ့ဖူးပါတယ်။ Jessie J ရဲ့ဆန္ဒလဲ ပြည့်ဝလာတော့မှာပါ။

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။