ချစ်ပရိတ်သတ်ကြီးရေ... ဖိုက်တင်ဇာတ်ကြမ်းကားတွေမှာ တိုက်ခိုက်ခန်းတွေ ဖိုက်တင်ခန်းတွေကို ပီပီပြင်ပြင်နဲ့သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေး ယဉ်လတ်ဟာ နာမည်ကျော်လေးပါပဲနော်။ ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင် သရုပ်ဆောင်နိုင်စွမ်းရှိတဲ့အပြင် ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကြောင့် ပရိတ်သတ်တွေ အချစ်ပိုနေခဲ့ရပါတယ်နော်။

သူမဟာ မဆုပ်မနစ်နဲ့ သူမဝါသနာပါတဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ကြိုးစားလျှောက်လှမ်းနေရင်းနဲ့ အခုဆိုရင်ပရိတ်သတ်တွေပေးတဲ့နေရာတစ်နေရာကိုထိုက်ထိုက်တန်တန်နဲ့ရရှိထားခဲ့ပါပြီနော်။ သူမဟာ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေခဲ့ရပြီးတော့ ပရိတ်သတ်တွေအတွက် အစွမ်းကုန်ကြိုးစားနေပါတယ်နော်။

သူမဟာ သူမရဲ့အလှပုံရိပ်လေးတွေကို ပရိတ်သတ်တွေကိုမျှဝေပေးနေကျဖြစ်ပြီးတော့ အခုတစ်ခါမှာတော့ မြင်းဖြူကြီးကို စီးရင်းနဲ့ ဘိုဆန်ဆန်လေးရိုက်ထားတဲ့အလှပုံရိပ်လေးတွေကို မျှဝေပေးထားခဲ့ပြန်ပါတယ်နော်။ ချစ်ဖို့ကောင်းတဲ့ ဂါဝန်ဖြူဖြူလှလှလေးကို ဝတ်ကာ အဖြူရောင်မြင်းကြီးကို ရဲရဲဝံ့ဝံ့စီးရင်းနဲ့ အထာကျကျလေးရိုက်ထားတဲ့ သူမရဲ့အမိုက်စားပုံရိပ်လေးတွေကို လူမှုစာမျက်နှာပေါ်မှာတင်ထားခဲ့တာကိုတွေ့ရပါတယ်နော်။ မြင်သူတကာငေးရလောက်အောင် လှပလွန်းတဲ့ရိုက်ချက်တွေနဲ့ ရိုက်ထားတဲ့ ယဉ်လတ်ရဲ့အကြွေတစ်လိုင်းပုံရိပ်လေးတွေကိုချစ်ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Yin Let

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။