MRTV-4 ဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်တွေရဲ့အားပေးမှုကို စတင်ရရှိခဲ့တဲ့ ခြူးလေးကတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းပြည့်မှီတဲ့ ခြူးလေးက ဇာတ်ရုပ်တိုင်းကို သဘာဝကျပီပြင်တာကြောင့် ခဏလေးအတွင်းမှာတင် နာမည်ရအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ခြူးလေးက ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

စိတ်သဘောထားကောင်းပြီး ပျော်ပျော်နေတတ်တဲ့ ခြူးလေးက အပျော်တမ်း Tik Tok ဗီဒီယိုလေးတွေလည်း ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။ အိုက်တင်အမူအယာမျိုးစုံနဲ့ သရုပ်ဆောင်လေ့ရှိတဲ့ ခြူးလေးရဲ့ Tik Tok ဗီဒီယိုလေးတွေကိုတော့ ပရိသတ်တွေက သဘောကျချစ်ခင်နေရတာ ဖြစ်ပါတယ်။ အခုလည်း ခြူးလေးက အဆိုတော် ကျားပေါက်ရဲ့ Telepunk သီချင်းနဲ့ သရုပ်ဆောင်ထားတဲ့Tik Tok ဗီဒီယိုလေးကို တင်ပေးထားပါတယ်။

မနေ့ညက " The Voice Myanmar" Final ပြိုင်ပွဲကြီးမှာတော့ Coach ကျားပေါက်နဲ့ Winner ဆုရှင် Novem Htoo တို့က Telepunk သီချင်းနဲ့ အားရပါးရ ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းလေးနဲ့အတူ ခြူးလေးကလည်း အခွီပုံစံလေးနဲ့ အပီအပြင်ဖြဲပြီး အိုက်တင်အပြည့်နဲ့ သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ ခြူးလေးရဲ့ Tik Tok ဗီဒီယိုအသစ်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Chue Lay 's Tik Tok;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။