ကိုပါအမေရိကပြိုင်ပွဲတွေကိုတော့ဘရာဇီးနိုင်ငံမှာကျင်းပနေတာလည်းဖြစ်ပါတယ်။ဒီနေ့အစောပိုင်းမှာလည်းကိုပါအမေရိကပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပါရာဂွေးအသင်းနဲ့အာရှချန်ပီယံကာတာအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ဒီပွဲအပြီးမှာတော့အံ့အားသင့်ဖွယ်ရလဒ်တွေနဲ့တစ်ဖက်၂ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာတော့အာရှမှဂျပန်အသင်းနဲ့ကာတာအသင်းတို့နှစ်သင်းပါဝင်ယှဉ်ပြိုင်ကစားတာဖြစ်ပါတယ်။ကာတာအသင်းဟာ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့်အသင်းဖြစ်တာကြောင့်ခုချိန်ကတည်းကပြင်ဆင်မှုတွေလုပ်နေတာဖြစ်ပါတယ်။ခုကာတာအသင်းဟာလည်းအာရှဖလားပြိုင်ပွဲမှာအံ့အားသင့်ဖွယ်ခြေစွမ်းတွေနဲ့ချန်ပီယံဖြစ်ထားတာဖြစ်ပါတယ်။

ခုမှာလည်းတောင်အမေရိကထိပ်သီးပါရာဂွေးအသင်းကိုအံ့အားသင့်ဖွယ်သရေရလဒ်ယူနိုင်ခဲ့တာတော့အသင်းစိတ်ဓာတ်တွေကိုတက်ကြွစေတာပါ။ပါရာဂွေးအသင်းဟာကာတာအသင်းကိုပွဲချိန်တော်တော်များများဖိအားပေးကစားခဲ့ပြီးဦးဆောင်ဂိုးတွေရရှိခဲ့ပေမယ့်အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်တွေနဲ့ကစားခဲ့တဲ့ပွဲလေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။