ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က ဆိုမာလီနိုင်ငံမှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

၎င်းဗုံးတွေကိုတော့ အစ္စလာမစ် သူပုန်တွေက မြို့တော် မိုဂါဒစ်ရူးမှာ ဖောက်ခွဲခဲ့တာပဲဖြစ်ပါတယ်။

ပထမတစ်ခုကတော့ မိုဂါဒစ်ရူးက K4 လမ်းဆုံးမှာ ကားဗုံးတစ်ခုပေါက်ကွဲခဲ့တာဖြစ်ပေမယ့် လူသေဆုံးမှုတွေကိုတော့ မဖြစ်ပေါ်စေခဲ့ပါဘူး။

သို့ပေမယ့် ဒုတိယပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ချိန်မှာတော့ လူ ၈ ဦးလောက်သေဆုံးခဲ့တဲ့အပြင် နောက်ထပ် လူ ၁၆ ဦးလောက်ဟာလည်း ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။

ဒါ့ကြောင့် တာဝန်ရှိသူတွေဟာ ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ လျင်မြန်စွာပို့ဆောင်ပေးခဲ့ရသလို ပျက်ဆီးဆုံးရှုံးသွားတဲ့နေရာတွေကိုလည်း ရှင်းလင်းမှုတွေပြုလုပ်ခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ သူပုန်တွေဟာ ဒီဗုံးပေါက်ကွဲမှုနှစ်ခုလုံးဟာ သူတို့ရဲ့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့တယ်လို့ သိရပါတယ်။

Source – Al Jazeera

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။