ပရိသတ်တွေရဲ့ အချစ်တော်အနုပညာရှင်ရင်သွေးလေးတွေဖြစ်ကြတဲ့ ဘုန်းမင်းနေလ၊ ထက်လင်းအောင်၊ သီဟအောင်၊ မင်းသန့်ကိုကို၊ မေတိုးခိုင်၊ သဇင်ထူးမြင့်၊ ဆောင်းယွန်းစံ၊ ဝတ်မှုံသန့်နဲ့ ရွှေယမင်းဦးတို့ကတော့ အနုပညာအလုပ်တွေကို လက်တွဲညီညီလုပ်ောဆင်နေပြီ ဖြစ်ပါတယ်နော်..။

အောင်မြင်ပြည်သူချစ်အနုပညာရှင်တွေအဖြစ် အနုပညာလမ်းကြောင်းမှာ ကိုယ်စီလျှောက်လှမ်းနေကြပြီး ပျော်ရွှင်စရာကောင်းတဲ့ သူငယ်ချင်းဆက်ဆံရေးလေးတွေကလည်း မြင်သူပရိသတ်တွေတိုင်းကို အပျော်လေေးတွ ကူးစက်စေတာလည်း တွေ့မြင်ရပါတယ်နော်..။


လူငယ်တွေပီပီပျော်ပျော်နေတတ်ကြတဲ့ သူတို့သူငယ်ချင်းတစ်စုကတော့ မကြာခဏတွေ့ဆုံနေကြပြီး အဖွဲ့လိုက်ဆော့ကစားနေကြတာလေးတွေကလည်း တကယ်ကိုကလေးလေးတွေလို ချစ်စရာကောင်းနေကြမို့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြတာပါ..။

အနုပညာလှုပ်ရှားမှုလေးတွေနဲ့ ရိုက်ကူးရေးတွေအတွက် တွေ့ဆုံဖြစ်ကြသလို တွေ့ဆုံလိုက်လိုက် စနောက်ဆော့ကစားတတ်ကြပြီး အခုတစ်ခါမှာလည်း ဆရာမရဲ့မွေးနေ့သွားရင်း တူတူပုန်းတိုင်းကစားရင်း အူတတ်အောင် ခွီနေကြပြန်ပါတယ်နော်..။


သူတို့ သူငယ်ချင်းတွေရဲ့ အခွီဗီဒီယိုဖိုင်လေးကိုလည်း “တီဇာမွေးနေ့မှာ မုန့်စားပြီးတော့ မဆောင်းကအလုပ်ကိစ္စ

ရှိလို့ခဏပြန်သွားတာကို ....သူပြန်လာတော့ ပုန်းနေကြတာ

သိပ်မဆော့ကြဘူး.....” ဆိုပြီး အသည်းကျော်လေး သဇင်ထူးမြင့်က ချစ်ပရိသတ်တွေကို အပျော်လေးတွေ မျှဝေလိုက်ပါတာပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းကြတဲ့ ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေရဲ့ ကစားရင်း ခွီနေကြရတဲ့ အခွီဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် အပျော်လေးတွေကူးစက်စေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။


Photo - သဇင်ထူးမြင့်

Video - MamaSaung Yoon San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။