ချစ်ပရိတ်သတ်ကြီးရေ.... ရင့်ကျက်တည်ငြိမ်တဲ့အလှတရားတွေကိုပိုင်ဆိုင်ထားပြီးတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်လက်ဖြစ်ခဲ့တဲ့ မယ်လိုဒီကိုတော့ မသိတဲ့သူမရှိပါဘူးနော်။သူမဟာ အကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုထိုက်ထိုက်တန်တန်ဆွတ်ခူးထားနိုင်ခဲ့တဲ့ မင်းသမီးတွေထဲက တစ်လက်ဆိုရင်လည်းမမှားပါဘူးနော်။

သူမဟာ လက်ရှိမှာဆိုရင် ပျော်ရွှင်စရာကောင်ပြီး ပရိတ်သတ်တွေကတောင် အားကျငေးမောနေရတဲ့ အေးချမ်းသာယာတဲ့ မိသားစု ကမ္ဘာလေးကိုပိုင်ဆိုင်ထားခဲ့ပြန်ပါပြီနော်။ သူမဟာ သူမစကားကိုအရမ်းထောင်ပြီးတော့ အရမ်းလည်း လိမ္မာတဲ့ သားသားလေး သိဒ္ဓိစစ်ကို မွေးထုတ်ပေးထားတဲ့ မိခင်တစ်ယောက်လည်းဖြစ်ပါတယ်နော်။ သားသားလေးကလည်းလူကသာငယ်ပေမယ့် မိဘတွေအပေါ်ကိုသိတတ်ပြီးတော့ အမြဲတမ်းလည်း အိမ်အလုပ်တွေကို ကူညီတတ်သူလေးတစ်ယောက်လည်းဖြစ်ပါတယ်နော်။

အခုလည်း ဖေဖေရဲ့ပြီးခဲ့တဲ့ ရက်ပိုင်းက ကျရောက်ခဲ့တဲ့ဖေဖေရဲ့မွေးနေ့အတွက် မွေးနေ့လက်ဆောင်အနေနဲ့ ဖေဖေအရမ်းကြိုက်တဲ့ PUBG Gameထဲက ဇာတ်ကောင်အရုပ်လေးနဲ့မွေးနေ့ကိတ်လေးလုပ်ပြီးsurpriseလုပ်ပေးခဲ့ပါတယ်နော်။ သားလေးရဲ့ လက်ဆောင်ကြောင့် ဖေဖေလည်းအရမ်းပျော်ခဲ့ရသလို မေမေမယ်လိုဒီလည်း ချစ်ဖို့ကောင်းတဲ့ သားအဖနှစ်ယောက်ကိုကြည့်ပြီး ကြည်နူးခဲ့ရပါတယ်နော်။ ကဲ... ဒီလိုပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားတဲ့ ပရိတ်သတ်တွေရဲ့အချစ်တော်လေး မယ်လိုဒီကတော့ တကယ်ကိုကံထူးတယ်လို့ပဲဆိုရမှာပါနော် ချစ်ပရိတ်သတ်ကြီးရေ...

Source : Melody Myo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။