ပရိသတ်ကြီးရေ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီး ပြည်ပကိုထွက်ခွာသွားပေမယ့် ပရိသတ်တွေရဲ့ရင်ထဲကို စိုးမိုးထားနိုင်တဲ့ စမိုင်းလ်ကတော့ ယနေ့ချိန်ထိ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။စမိုင်းလ်ကတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပြန်လည်ရိုက်ကူးနေပြီဖြစ်လို့ စမိုင်းလ်ရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကို ပြန်လည်တွေ့မြင်ရတော့မှာဖြစ်ပါတယ်။

စမိုင်းလ် ပါဝင်သရုပ်ဆောင်နေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ် အေးသောင်း ခိုင်သင်းကြည် တို့လည်း ပါဝင်ပါတယ်။စမိုင်းလ်ကတော့ Shooting အတွက် ခရီးတွေထွက်နေရပြီး လက်တလောမှာ ပြင်ဦးလွင်ကို ရောက်ရှိနေတာဖြစ်ပါတယ်။စမိုင်းလ်ကတော့ ပြင်ဦးလွင်ကို ချစ်ခင်ပွန်းကိုလည်းခေါ်သွားပြီး ဇနီးမောင်နှံနှစ်ယောက်က အားတဲ့အချိန်လေးတွေမှာ ပြင်ဦးလွင်မြို့အနှံ့ကို လည်ပတ်နေကြတာဖြစ်ပါတယ်။

စမိုင်းလ်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဇာတ်သမလေးနေရာကပါဝင်ပြီး သရုပ်ဆောင်ရတာဖြစ်လို့ သူမရဲ့ မြန်မာ့ရိုးရာအလှအပတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။အခုဆိုရင်တော့ စမိုင်းလ်က မြန်မာ့ရိုးရာသနပ်ခါးကို သေချာလိမ်းနေပြီး ပဲများနေတဲ့ ချစ်စရာပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source:စမိုင်းလ် Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။