အချစ်သီချင်းလေးတွေနဲ့ပရိသတ်တွေရင်ထဲကိုနေရာယူထားတာကတော့အဆိုတော်မလေးပိုပိုပဲဖြစ်ပါတယ်။ အနုပညာကိုရူးသွပ်ပြီးကြိုးစားတဲ့စိတ်ဓာတ်လေးတွေကြောင့် ဂီတလမ်းကြောင်းမှာအောင်မြင်တဲ့ကြယ်ပွင့်လေးတစ်ပွင့်အဖြစ်လင်းလက်တောက်ပနေပြီပဲ ဖြစ်ပါတယ်။ သူမဟာ သီချင်းလေးတွေကိုကိုယ်တိုင်ရေးသားကာသီဆိုလေ့ရှိပြီး ပြန်ဆိုတေးများသီဆိုရာတွင်လည်း ပရိသတ်တွေရဲ့နားထဲကိုအခါခါနားထောင်ချင်အောင် ဖန်တီးသီဆိုတတ်သူပါ။ 

သူမဟာ တစ်ယောက်ထဲဘဝကိုရုန်းကန်ကာ လက်ရှိမှာတော့အောင်မြင်တဲ့ နိုင်ငံကျော်အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သီချင်းသစ်များထွက်ရှိနိုင်အောင် ကြိုးစားနေတာပါ။ သူမရဲ့မွေးနေ့လေးမှာလည်း သာသနာ့ဘောင်ကိုဝင်ရောက်ကုသိုလ်ယူထားသူပဲဖြစ်ပြီး ဘာသာတရားလည်းကိုင်းရှိုင်းလွန်းတာကြောင့် ပရိသတ်တွေကအချစ်ပိုနေတာပါ။ 

သူကတော့လူမှုကွန်ရက်ကနေလည်းသူ့ရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုအမြဲတင်ပေးလေ့ရှိတာပါ။သူကတော့တဖြည်းဖြည်းနဲ့ပရိသတ်အများအပြားအောင်မြင်လာတာနဲ့အမျှသူ့ရဲ့အလှတွေကလည်းပရိသတ်တွေကြားမှာရင်ခုန်အောင်ဆွဲဆောင်နိုင်တာပါ။ အခုမှာလည်းရင်ခုန်သံတွေကိုလှုပ်ရှားသွားစေမယ့်ပုံရိပ်လေးတွေကိုလူမှုကွန်ရက်ကနေတင်ထားတာပါ။ပရိသတ်တွေကလည်းရင်ခုန်သံတွေမြန်အောင်ဆွဲဆောင်မှုရှိနေတဲ့ပိုပိုရဲ့sexy ဆန်ဆန်ပုံရိပ်လေးတွေကိုလည်းအားပေးကြပါဦးနော်။

Photo - Po Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။