သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံကတော့ လက်ရှိမှာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေကို အနည်းငယ်သာ လုပ်ကိုင်တော့တဲ့ မိုးယုက နောက်ပိုင်းမှာလည်း သူမချစ်ရတဲ့သားလေးကိုသာ အချိန်ပြည့် ဂရုစိုက်ပေးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မိုးယုစံက မိသားစုနဲ့အတူ မြန်မာနိုင်ငံအနှံ့ ခရီးတွေထွက်ရင်း ပျော်ရွှင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မိုးယုတို့မိသားစုလေးက ပြည်မြို့ ၊ စလေမြို့မှာရှိတဲ့ နာမည်ကြီးနေရာတွေကို လျှောက်လည်ခဲ့ကြပါတယ်။ မိသားစုလိုက် ပျော်ပျော်ပါးပါးကြီး ခရီးထွက်နေတဲ့ မိုးယုတို့မိသားစုလေးက အခုတော့ ပြင်ဦးလွင်မြို့လေးကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မိုးယုက သူမချစ်ရတဲ့တစ်ဦးတည်းသော သားလေးရဲ့လက်ကိုဆွဲပြီး သာယာလှပတဲ့ ပြင်ဦးလွင်မြို့လေးရဲ့ အထင်ကရနေရာလေးတွေကို လိုက်ပို့ပေးနေတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ မိုးယုစံတို့သားအမိနှစ်ယောက်က ပြင်ဦးလွင်မြို့လေးမှာရှိတဲ့ နှင်းဆီခြံနဲ့ ပိတ်ချင်းမြောင်ဘုရားတို့ကို သွားရောက်လည်ပတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မိုးယုတို့သားအမိနှစ်ယောက်ရဲ့ပုံလေးတွေကလည်း ပျော်ရွှင်မှုအပြည့်နဲ့ ကြည်နူးစရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြန်မာနိုင်ငံရဲ့အထင်ကရနေရာတွေကို ခရီးထွက်နေတဲ့ မိုးယုစံတို့သားအမိနှစ်ယောက်ရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Kaung Theinkha Moe Thu; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။