၂၀၁၄ ခုနှစ်မှာ "Miss Intercontinental Myanmar" ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ အလှမယ် အိန်ဂျယ်လမုန်ကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်။ သူမရဲ့ ချစ်စရာအမူအရာလေးတွေနဲ့ စိတ်သဘောထားဖြူစင်ပြည့်ဝတဲ့ အတွက်ကြောင့် တတိုင်းပြည်လုံးရှိ ပရိသတ်တွေက ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်။ ခန္ဓာကိုယ် အချိုးအစားပြေပြစ်လှပပြီး အခုတစ်ခါမှာဆိုရင်တော့ မော်ဒယ်လ်သရုပ်ဆောင် အဖြစ် အနုပညာလောကထဲကိုပါ ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

အိန်ဂျယ်လမုန်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေမှာလည်း သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုရှုစားကြရမှာပါ..။ ခရီးသွား ဝါသနာပါသူဖြစ်ပြီး ပြည်တွင်းပြည်ပခရီးတွေကိုထွက်လေ့ရှိတာဖြစ်ပါတယ်...။ ခွေးလေးတွေကို ချစ်မြတ်နိုးသူဖြစ်ပြီး တိရိစ္ဆာန်လေးတွေကိုကြင်နာတတ်သူတစ်ယောက်ပါ..။ အိန်ဂျယ်လမုန်ဟာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ လက်ခံရိုက်ကူးလာပြီး "လေဆန်ကကြိုး" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားတာပါနော်...။

အိန်ဂျယ်လမုန်ဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့သို့ရောက်ရှိနေပြီး ပုရိသတွေစွဲမက်ဖွယ် အလှပုံရိပ်လေးတွေကိုရိုက်ကူးထားပါနော်....။ သူမရဲ့ official facebook acc တွင် "ခွဲနိုင်ပါတယ်ပေါ့..." ဆိုတဲ့ status လေးနဲ့တကွ ဗီဒီယိုဖိုင်လေးကိုတင်ဆက်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Angel Lamung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။