ပရိသတ်ကြီးရေ ခေတ်နဲ့သစ်တို့မေမေ ချစ်သုဝေကတော့ သီချင်းဆိုတာလည်းတော်သလို သရုပ်ဆောင်ချက်အိုင်တင်တွေကလည်း အရမ်းပီပြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။ချစ်သုဝေရဲ့ ဖြူစင်အေးချမ်းတဲ့ မျက်နှာလေးကလည်း ချစ်စမွှေးပါလို့ လူချစ်လူခင်ပေါများပါတယ်နော်။ချစ်သုဝေရဲ့သမီးလေးနှစ်ယောက်ကလည်း မေမေနဲ့တူလို့ အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးတွေပဲဖြစ်ပါတယ်နော်။

မေမေချစ်သုဝေကတော့ သမီးလေးနှစ်ဖတ်နဲ့ပဲ အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေနဲ့ အလှမ်းမဝေးကွာသွားအောင် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ချစ်သုဝေကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း ချစ်သုဝေကိုချစ်ကြတဲ့အပြင် တစ်မိသားစုလုံးကိုပါ အရမ်းချစ်ကြတာဖြစ်ပါတယ်။ချစ်ခင်ပွန်းလင်းလင်းကလည်း သမီးတွေနဲ့ချစ်ဇနီးလေးအပေါ်ကို ကြင်နာယုယပြီး ဂရုစိုက်စောင့်ရှောက်ပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါနော်။

ချစ်သုဝေကတော့ ကလေးနှစ်ယောက်မွေးဖွားထားတဲ့မေမေဖြစ်ပေမယ့်လည်း လှပနုပျိုခြင်းတွေနဲ့ အရမ်းချစ်စရာကောင်းနေဆဲပါပဲနော်။စိတ်ထားလေးကလည်း ဖြူစင်သန့်ရှင်းတော့ မျက်နှာလေးကပါကြည်လင်အေးချမ်းနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ချစ်သုဝေက မိက်ကပ်မပါတဲ့သဘာဝအလှလေးနဲ့တောင် နုငယ်ပျိုမျစ်ခြင်းတွေကို အတိုင်းသားတွေ့မြင်နေရတဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။ 

Source:Ma Htet - Pop Soul

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။