ပရိသတ်ကြီးရေ အသက်အရွယ်တစ်ခုထိရောက်လာတာတောင် ကျစ်လစ်သွယ်လျပြီး အရမ်းကိုနုပျိုလွန်းတဲ့ သန္တာလှိုင်ကတော့ တစ်ခေတ်တစ်ခါတည်းက international ဆန်တဲ့အလှတရားတွေနဲ့ အရမ်းလှတဲ့သူတစ်ယောက်ပါနော်။သန္တာလှိုင်က ပြည်ပမှာခဏသွားနေခဲ့တာကြောင့် ပရိသတ်ကြီးနဲ့အလှမ်းဝေးကွာခဲ့ပေမယ့် ယခုပြန်လည်ရောက်ရှိလာချိန်မှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို တစ်ခဲနက်ရရှိနေတာဖြစ်ပါတယ်။

သန္တာလှိုင်က ချစ်ရတဲ့မိသားစုနဲ့ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်နေပြီး မိသားစုအတွက် လိုလေသေးမရှိအောင် ဂရုစိုက်ပေးကာ အိမ်ထောင်ရှင်မတစ်ယောက်ရဲ့တာဝန်ဝတ္တရားတွေကို ကျေပြွန်နေတာဖြစ်ပါတယ်။သန္တာလှိုင်က အိမ်ထောင်ရှင်အမျိုးသမီးတွေနဲ့မိန်းမပျိုလေးတွေအတွက် ဘယ်လိုလှပအောင်နေရမလဲဆိုတာကိုမျှဝေပေးနေပြီး သူမကိုယ်တိုင်လည်းလှပအောင်နေနေတာဖြစ်ပါတယ်။

သန္တာလှိုင်ရဲ့ လက်တလောအနုပညာလှုပ်ရှားမှုတွေကတော့ ကြော်ငြာတွေရိုက်ကူးနေတာတွေ့ရပါတယ်။သူမရဲ့ခမ်းနားထည်ဝါလှတဲ့ကြော်ငြာဆိုင်းဘုတ်ကြီးတွေကလည်း ငေးမောစရာပါပဲနော်။သန္တာလှိုင်ကတော့ မပြင်မဆင်ဘဲ သဘာဝအလှလေးနဲ့တောင် အပြစ်ပြောစရာမရှိအောင်လှလွန်းသူလေးဖြစ်ပါတယ်။အခုဆိုရင်တော့ သန္တာလှိုင်က ချစ်စရာခွေးလေးတွေနဲ့ ဆော့ကစားနေတဲ့ချစ်စရာပုံရိပ်လေးကို မျှဝေပေးလိုက်ပါရစေနော်။ 

Source:Thandar Hlaing သန္တာလှိူင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။