ချစ်ပရိတ်သတ်ကြီးရေ.... အမိုက်စား သီချင်းတွေကို အသံခိုင်ခိုင်လေးနဲ့ ပရိတ်သတ်တွေရင်ထဲထိပြီး ပါးစပ်ဖျားမှာစွဲအောင်သီဆိုတတ်တဲ့အဆိုတော်မလေးအိမ့်ချစ်ကို ပရိတ်သတ်တွေသိပြီးသားပါနော်။ သူမဟာ မြန်မာနိုင်ငံမှာ လက်ရှိအောင်မြင်နေတဲ့ အဆိုတော်တွေထဲကတစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်။

သူမဟာ အမိုက်စားအသံချိုချိုလေးတွေအပြင် ခပ်မိုက်မိုက် ကိုယ်လုံးကိုယ်ပေါက်လေးနဲ့ တစ်သွေးတစ်မွေးနဲ့လှနေတဲ့အလှတွေကိုပိုင်ဆိုင်ထားသူလေးပါ။ တစ်ချိန်က ဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တဲ့အဆိုတော်ကြီးချစ်ကောင်းရဲ့ ချစ်လှစွာသောသမီးလေးလည်းဖြစ်သလို ဖခင်ခြေရာကိုတစ်ထပ်တည်း လိုက်နင်းနိုင်တဲ့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်နော်။

သူမဟာ အခုတစ်ခါမှာတော့ နာမည်ကျော် Los Angeles မြို့လေးကို ဖျော်ဖြေရေးနဲ့ရောက်ရှိနေခဲ့ပါတယ်နော်။ သူမဟာ ဒီလို နာမည်ကြီးမြို့လေးကို ရောက်တုန်းလေး တစ်ကမ္ဘာလုံးမှာအခမ်းနားဆုံးဖြစ်တဲ့ Hollywood ကိုသွားရောက်ကာ အမှတ်တရပုံရိပ်လေးတွေကိုရိုက်ကူးခဲ့ပါတယ်နော်။ သူမရဲ့ စိတ်ကူးထဲကအတိုင်း အရမ်းကိုလှနေတဲ့နေရာလေးမှာ စိတ်လွတ်လက်လွတ်နဲ့အရမ်းပျော်နေခဲ့ပါတယ်နော်။ကဲ... Hollywoodက သူမရဲ့အမှတ်တရပုံရိပ်လေးတွေကိုလည်း ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Eaint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။