ချစ်ပရိတ်သတ်ကြီးရေ... ရိုးရိုးယဉ်ယဉ်လေးနဲ့ဆိုရင်အရမ်းကိုချစ်ဖို့ကောင်းတဲ့ သရုပ်ဆောင်မင်းသမီးလေး အိချောပိုဆိုတာပရိတ်သတ်ကြီးရဲ့အချစ်တော်လေးတစ်ယောက်ပါပဲနော်။ ရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ရပြီး သူမရဲ့အကယ်ဒမီရှောခ့်အိုင်တင်တွေက ပရိတ်သတ်တွေကို အချစ်ပိုစေခဲ့ပါတယ်နော်။

အကိတ်တလိုင်း အမိုက်စားခန္ဓာကိုယ်လေးနဲ့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့သူမဟာ ပုရိသပရိတ်သတ်တွေသာမက မိန်းကလေးချင်းတောင်မှလည်ပြန်ငေးရလောက်အောက် ကျက်သရေအပေါင်းနဲ့ပြည့်စုံသူတစ်ယောက်လည်းဖြစ်ပါသေးတယ်နော်။ လက်ရှိမှာသူမဟာ ရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာကိုရိုက်ကူးနေပြီးတော့ ပရိတ်သတ်တွေပေးတဲ့နေရာတစ်နေရာကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားပါသေးတယ်။

အခုအချိန်မှာတော့ အားလုံးရဲ့အချစ်တော်လေးအိချောပိုဟာ စိတ်ဖိစီးမှုတွေရဲ့ အဝေး အလုပ်ကိစ္စတွေရဲ့အဝေး တစ်နေရာဆီကို ခရီးလေးထွက်နေခဲ့ပါတယ်နော်။ သူမဟာ အခု ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိနေခဲ့တာပဲဖြစ်ပြီးတော့ လွတ်လပ်ပေါ့ပါးစွာနဲ့ တိုင်းတစ်ပါးမြေပေါ်က ဆန်းသစ်တဲ့အလှအပတွေကြားမှာ လည်ပတ်ပြီး ပျော်ရွှင်နေခဲ့ပါတယ်နော်။ကဲ... အိချောပိုတစ်ယောက် ဘန်ကောက်မှာShoppingလေးတွေထွက်ရင်း လည်ပတ်နေခဲ့တဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Ei Chaw Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။