ပရိသတ်ကြီးရေ.... အောင်မြင်မှုတွေများစွာရရှိထားပြီး အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ ဝိုင်းလေးကိုသိကြမယ်ထင်ပါတယ်နော်...။ သူမဟာဆိုရင် "အိမ်မက်ဆုံရာ" ပြိုင်ပွဲကနေ ဂီတလောကထဲသို့ဝင်ရောက်လာခဲ့တာဖြစ်ပြီး "ချစ်သေးရဲ့လား"၊ "လက်ခံပြီးသား"၊ "တာဝန်အရ" ဆိုတဲ့ သီးချင်းအလန်းစားတွေကို ထုဆစ်ဖန်တီးခဲ့တာဖြစ်ပါတယ်....။ လောလော လတ်လတ်ထွက်ရှိထားတဲ့ "လွတ်လပ်ရေး" သီချင်းဗီဒီယိုလေးဟာဆိုရင်လည်း အချိန်တိုအတွင်းမှာ social media လောကတစ်ခွင်အောင်မြင်ကျော်ကြား ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

အဆိုတော် ဝိုင်းလေးကတော့ Miss World Myanmar 2014 သရဖူဆုကို ဆွတ်ခူးရရှိခဲ့တာလည်းဖြစ်ပါတယ်။ သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး ၊ ကြော်ငြာမဂ္ဂဇင်းတွေမှာလည်းသူမရဲ့ အလှပုံရိပ်တွေကိုမြင်တွေ့ကြရမှာပါ...။ ခရီးသွားဝါသနာပါသူဖြစ်ပြီး ခရီးသွားအမှတ်တရပုံရိပ်တွေဟာဆိုရင်လည်း တစ်ကယ့်ကိုရင်သက်ရှုမောဖွယ်မြင်တွေ့ကြရမှာပါ...။ ဝိုင်းလေးဟာ လူငယ်ပီပီ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်သူဖြစ်ပြီး Tik tok ဗီဒီယိုဖိုင်လေးတွေကိုလည်း ပြုလုပ်ဖန်တီးပေးလျက်ရှိပါတယ်....။

ဝိုင်းလေးက ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ official facebook acc တွင် "စိတ်မကြည်လို့ ပုံတသိန်းရိုက်တယ် ကိုယ့်ကိုကိုယ်လှတယ်ဆိုပြီး စိတ်ကြည်လာအောင် ဟန်ဆောင်အပြုံး" ဆိုတဲ့ status လေးနဲ့အတူ အမိုက်စား selfie ပုံရိပ်လေးတွေကိုထုတ်ဖော်ပြသထားတာပါနော်...။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Wint Yee Shunn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။